Tuesday, December 31, 2013

သွားရောက်လည်ပတ်စရာ New Year နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ

 Tuesday, 31 December 2013


၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ညက မိုင်ဒါကွင်းတွင် နှစ်သစ်ကူးညအကြို ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

New Year နေ့တွင် shopping center များမှာကျင်းပမယ့် ဈေးရောင်းပွဲတော်များ၊ အထူးအစီအစဉ်များ၊ ပန်းခြံများ၊ ခန်းမများတွင်ကျင်းပမည့် ဖျော်ဖြေပွဲနှင့် နှစ်သစ်အတွက် အထူးအစီအစဉ် ပျော်ပွဲရွှင်ပွဲလေးများအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

နိုင်ငံတကာသတ်မှတ်ထားတဲ့ နှစ်သစ်ကို မြန်မာနိုင်ငံမှာလည်း တွင်ကျယ်စွာနဲ့ ကြိုဆိုပွဲများ ပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ ကျင်းပသွားမယ့် နှစ်သစ်အကြိုပွဲလေးများကတော့ ရန်ကုန်မြို့ မိုင်ဒါကွင်းမှာတော့ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၁ နာရီအထိ The Biggest Myanmar New Year Contdown 2014 ပွဲကို ကျင်းပသွားမှာပဲဖြစ်ပြီး၊ မည်သူမဆို သွားရောက်ကြည့်ရှု့နိုင်တဲ့ နှစ်သစ်ကြိုပွဲလေးတစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာ ကျင်းပမယ့်ပွဲလေးကတော့ Grand Royal နှစ်သစ်ကြိုပွဲလေးပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ပြည်ပက ဒီဂျေပညာရှင်များနဲ့ ပြည်တွင်းက အဆိုရှင်တွေဖြစ်တဲ့ Big Bag၊ Wanted၊ Idiots၊ Reason၊ ဂျီလတ်၊ အေသင်ချိုဆွေ၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်နဲ့ အခြားအနုပညာရှင်များစွာတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း ကြည့်ရှု့နိုင်မှာပဲ ဖြစ်ပါတယ်။

New Year နေ့မှာကျင်းပမယ့် နောက်ထပ်ပွဲလေးတစ်ခုကတော့ Hip Hop ကိုနှစ်သက်တဲ့ လူငယ်များအတွက် အကြိုက်တွေ့စေမဲ့ Hip Hop Beach Party ဖျော်ဖြေပွဲကို ကန်တော်ကြီး(မျှော်စင်ကျွန်း)မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ လူငယ်တေးသံရှင်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ Snare၊ Bobby Soxer စတဲ့ အနုပညာရှင်တွေက ပါဝင်ဖျော်ဖြေသွားမှာပဲဖြစ်ပြီး၊ လက်မှတ်တစ်စောင်ကျပ် ၆၅၀၀ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Yangon-Myanmar Event Park (မြေနီကုန်းကားပါကင်အနီး) မှာလည်း မွန်းလွဲ ၂ နာရီ မှ ည ၁၀ နာရီအထိ အထူးခြားဆုံးသော ဘန်ကောက် airway winter festival 2013 ပွဲကို ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

New Year နေ့အထိမ်းအမှတ် ဖျော်ဖြေပွဲများ ကျင်းပကြသလို၊ နှစ်သစ်အကြို အထိမ်းအမှတ်အဖြစ် Shopping Center များမှာလည်း ဈေးရောင်းပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပလျက်ရှိပါတယ်။

နှစ်သစ်ကို ထူးထူးခြားခြားအနေနဲ့ ကျင်းပချင်သူများအတွက်လည်း လူ ၈၀၀ ဆံ့ အပျော်စီးသင်္ဘောဖြစ်တဲ့ ဗလမင်းထင်သင်္ဘောကိုလည်း စီစဉ်ထားတာမို့ စိတ်ဝင်စားသူများအနေနဲ့ ဖုန်းနံပါတ် ၇၃၀၆၅၀၅၅ သို့ ဆက်သွယ်မေးမြန်းကြီး လက်မှတ်များကို ၀ယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒီအပျော်စီးသင်္ဘောပေါ်မှာတော့ နာမည်ကျော်တေးသံရှင်များနဲ့ အကပညာရှင်များက ပါဝင်ဖျော်ဖြေမှုများကို ပြုလုပ်သွားမှာပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Junction Square၊ Victoria နဲ့ ဂမုန်းပွင့် shopping center များမှာတော့ Christma & New Year Promotion ပွဲများကို ကျင်းပလျက်ရှိပြီး၊ City Mart မှာတော့ Beauty Fair Promotion ပွဲ၊ Dagon Center မှာတော့ Dagon Center ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ကျင်းပမှာမို့ ဘယ်သူမဆို အခမဲ့သွားရောက် ကြည့်ရှု့နိုင်ပါတယ်။ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာတော့ Yangon ICT Fair ပွဲရှိတာကြောင့် စိတ်ဝင်စားသူများအတွက် New Year နေ့လေးမှာ သွားရောက်လေ့လာ ကြည့်ရှု့စရာနေရာလေးတစ်ခုလည်း ဖြစ်မှာပါ။

နှစ်သစ်ကို ပျော်ပွဲရွှင်ပွဲများ သွားရောက်နိုင်ပြီး၊ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ဖြတ်သန်းချင်သူများအတွက်လည်း ဘုရားများသို့ သွားရောက်ဖူးမြော်ခြင်း၊ အထင်ကရပန်းခြံများဖြစ်သည့် ကန်တော်ကြီး၊ စိမ်းလန်းစိုပြည်၊ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်တို့သို့ မိသားစုဖြင့် သွားရောက်အပန်းဖြေနိုင်ပြီး၊ Happy World နှင့် တိရစ္ဆာန်ဥယျာဉ်ကဲ့သို့သော ကစားကွင်းများတွင်လည်း သွားရောက်အပန်းဖြေနိုင်ကြပါတယ်ဆိုတာ အကြံပြုပြောကြားရင်း.....။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...