Monday, December 30, 2013

ပရီမီယာလိဂ်မှာ နည်းပါးနေတဲ့ အင်္ဂလန်ကစားသမားတွေကြောင့် လက်ရွေးစင်အတွက် စိုးရိမ်နေတဲ့ ရီယိုဖာဒီနန်



 Monday, December 30, 2013

အင်္ဂလန်လက်ရွေးစင်ကနေ အနားယူခဲ့တာ သိပ်မကြာသေး သူ ရီယိုဖာဒီနန်က ဆန်းဒေးတိုင်း မ်သတင်းစာနဲ့ တွေ့ဆုံခိုက်မှာ သူ စိတ်ထဲ ဘ၀င်မကျဖြစ်မိနေတဲ့ အကြောင်းအရာများကို ပြောပြ လာခဲ့ပါတယ်။ ဖာဒီနန်ဟာ အင်္ဂ လန်နည်းပြရွိုင်းဟော့ဆန်က သူ့ ကိုရွေးချယ်ချင်ပေမယ့် ဂျွန်တယ် ရီကို ဦးစားပေးကာ သူ့ကိုချန်ခဲ့ ဖူးတာကြောင့် လက်ရွေးစင်ဘ၀ ကနေ အနားယူခဲ့တာပါ။ ““ပရီး မီးယားမှာ အင်္ဂလန်လက်ရွေးစင် တွေနည်းပါးလာနေခြင်းက ကျွန် တော်တို့နိုင်ငံအသင်းကို ထိခိုက် စေပါတယ်။ နယူးကာ ဆယ်-အာဆင်နယ်ပွဲကိုသာကြည့်တော့ဗျာ။ ပွဲထွက်(၂၂)ယောက်မှာ အင်္ဂလန် က (၄)ယောက်ပဲပါတယ်လေ။ကလပ်အသင်းအတော်များများ မှာ ကြည့်လိုက်မယ်ဆိုရင်လည်း အင်္ဂလန်ကစားသမားတွေ ဘေး ထိုင်နေတာများပါတယ်။ နိုင်ငံ ခြားကစားသမားတစ်ဦးကို သန်း ချီပြီးပေးဝယ်ထားတဲ့ နည်းပြက အင်္ဂလန်လူငယ်ကစားသမားတစ် ဦးကို ပွဲထုတ်ဖို့ဆိုတာက ရာခိုင် နှုန်းနည်းပါတယ်””လို့ ရီယိုဖာဒီ နန်က ပြောခဲ့ပါတယ်။ အာဆင်နယ်က နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာကြည့်မယ်ဆိုရင် နယူးကာဆယ်ဘက်မှာ နောက်ခံလူဝီလီယံ ဆင်တစ်ဦးပဲ အင်္ဂလန်သားပါဝင်ပြီး အာဆင်နယ်မှာဆိုရင် ကီရင်ဂစ်ဘ်၊ ၀ီလ်ရှိုင်းယားနဲ့ သီယိုဝဲလ်ကော့တ်တို့ (၃)ဦးပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ လူ ငယ်ကစားသမားဘ၀ကနေ တက်လှမ်းလာခဲ့ပုံများကိုလည်း ပြောပြခဲ့ပြန်ပါတယ်။ “ ကျွန်တော်ဝက်စ်ဟမ်းမှာ လူငယ်က စားသမားဘ၀နဲ့ရှိနေတုန်းမှာ ဟယ်ရီရက်ဒ်နပ်က အသင်းအရန် ခုံမှာထိုင်ခိုင်းခဲ့ပြီး ၀င်ကစားခိုင်းခဲ့ ပါတယ်။ ဒီနေ့ခေတ်မှာ နည်းပြ တွေက အသင်းပိုင်ရှင်တွေကို လွန်ဆန်ပြီး လူငယ်တွေကိုဝင်ကစားခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အ နေအထားမျိုးဖြစ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...