Monday, December 30, 2013

၂၀၁၄ နှစ်သစ်ကြိုဆိုမည့် ပျော်ပွဲရွှင်ပွဲအား လူ ၈၀၀ ဆံ့ အပျော်စီးသင်္ဘော ဗလမင်းထင်ပေါ်တွင် ကျင်းပမည်


  Monday, December 30, 2013



နှစ်ကူးပွဲတော်ကျင်းပမည့် ဗလမင်းထင်သင်္ဘောကိုတွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

၂၀၁၄ နှစ်သစ်ကို ကြိုဆိုမည့် ပျော်ပွဲရွှင်ပွဲအား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း လက်အောက်ရှိ လူ ၈၀၀ ဆံ့ ဗလမင်းထင် အပျော်စီးသင်္ဘောပေါ်၌ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီတွင် ပထမဦးဆုံး ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပသော Radiator Party မှ သိရသည်။

အဆိုပါ Radiator Party ကို ၂၀၁၄ နှစ်သစ်ကို ထူးထူးခြားခြား ကြိုဆိုရန် အစီအစဉ်ရှိနေသူများ၊ ရန်ကုန်မြစ်အလယ်တွင် အပျော်စီးသင်္ဘောဖြင့် နှစ်သစ်ကို ကြိုဆိုချင် သူများအတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။“ လက်မှတ်ဆယ်စောင်ဝယ်ရင် တစ်စောင် လက်ဆောင်ပေးမှာပါ။ မီးရှူး၊ မီးပန်းတွေ ဖောက်မယ့်အစီအစဉ်တွေ၊ ပျော်ပွဲရွှင်ပွဲ၊ ဂိမ်းနဲ့ဖျော်ဖြေရေး အစီအစဉ်တွေပါမယ်။ ပြီးတော့ ဘူဖေး၊ ဘီယာ Free အပြင် သင်္ဘောပေါ်မှာ လက်ဆောင်ပစ္စည်း ၀ယ်ယူနိုင်မယ့် အစီအစဉ်လေးတွေလည်း ပါမှာပါ။ ပါတီလာတဲ့ သူတွေရဲ့လုံခြုံရေးကိုလည်း အယောက် ၃၀ နဲ့ ရေကူးကျွမ်းကျင် လေးယောက်ထားပြီး အထူးကြပ်မတ်ပေးသွားမှာပါ” ဟု Radiator Party Organizer မှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ဒီဂျေ၊ Dance Model Academy မှ မော်ဒယ်လေးများ၏ တင်ဆက်မှု၊ မော်ဒယ်သန္တာလှိုင် နှင့် တေးသံရှင် ဥာဏ်လင်းအောင်၊၀ိုင်းစုခိုင်သိန်းတို့၏ သီဆိုဖျော်ဖြေမှုများ ပါဝင်မည် ဖြစ်သည်။

ယင်းအပျော်စီးသင်္ဘောသည် ည ၈ နာရီတွင် ၀ါးတန်းဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ည ၁၀ နာရီတွင် တစ်ခေါက်ကမ်းကပ်မည် ဖြစ်ကာ ည ၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ စိတ်ပါဝင်စားလိုသူများ အနေဖြင့် ဖုန်း၀၉-၇၃၀၆၅၀၅၅၊ ၀၉- ၄၂၀၀၂၈၂၆၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

နှစ်ကူးပွဲတော်ကျင်းပမည့် ဗလမင်းထင်သင်္ဘောကိုတွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...