Monday, December 30, 2013

ဖက်ရှင်ဒီဇိုင်း တော်တော်များများနဲ့ လိုက်ဖက်တဲ့ ဦးထုပ်ဒီဇိုင်းကို ရွေးချယ်မယ်ဆိုရင်



Monday, December 30, 2013
 
ထသွားထလာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်၊ ခရီးသွားမယ်ဆိုရင်တောင် ယူဆောင်သွားသင့်တဲ့ ဦးထုပ်ဒီဇိုင်းတွေထဲမှာ ခုလတ်တလော ခေတ်စားနေတဲ့ ဦးထုပ်ဒီဇိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးဆန်ဆန်လေးပဲ ၀တ်ဝတ်၊ ယောင်္ကျားလေးဆန်တဲ့ ဖက်ရှင်နဲ့ပဲ တွဲတွဲ အထာကျတာမို့ ပျိုမေတွေ နှစ်ခြိုက်ကြမှာ သေချာပါတယ်။

၁။မိန်းကလေးဆန်ဆန် ဂါဝန်လေးတွေ၊ စကတ်လေးတွေနဲ့ တွဲဝတ်လည်း လိုက်ဖက်မှုရှိနေမှာဖြစ်ပြီး ပုံထဲကလို ဘောင်းဘီအကျပ်၊ ခါးအတိုအကျီ Urban Outfitter လေးတွေနဲ့ မိုက်နေမှာမို့ ဦးထုပ်ရွေးချယ်မှုအပိုင်းအတွက် သိပ်ခေါင်းရှုပ်ခံစရာမလိုဘူးနော်။



၂။ဟိုးအရင်ကဆို ဒီလို ဦးထုပ်မျိုး ကမ်းခြေသွားမှသာ ပျိုမေတွေ ဆောင်းကြတာပါ။ အနားသားတွေက အပျော့တွေမို့ ထသွားထလာအတွက် မဆောင်းရဲခဲ့ကြဘူးဆိုရင် ခု ဆောင်းကြည့်ဖို့ တိုက်တွန်းပါရစေ။



၃။ကုတ်အကျီင်္ံတွေ၊ ဂျက်ကတ်တွေနဲ့တွဲရင် သိပ်မိုက်တဲ့ ဦးထုပ်ဒီဇိုင်းပါ။ ဒီလိုဖက်ရှင်မျိုးဆို ၁၉၈၀၀န်းကျင် ကာလကိုရောက်သွားတဲ့ ဖီလင်မျိုး ခံစားရမှာအမှန်ပဲ။



၎။ကိုယ့်ဖက်ရှင်ကို သူများနဲ့ မတူစေချင်ဘူး။ အားလုံးငေးသွားမယ့် ဖက်ရှင်မျိုး ဖန်တီးရဲတယ်၊ ၀တ်ဆင်ရဲတယ်ဆိုရင်တော့ ဒီလိုဦးထုပ်ဒီဇိုင်းမျိုးကို ရွေးချယ်လိုက်ပါ။



၅။ဒီလို ဦးထုပ်မျိုးကို ရိုးရှင်းပြီး အထာကျတဲ့ ဖက်ရှင်မျိုးနဲ့ တွဲဆောင်းဖို့ ၀န်မလေးပါနဲ့။ သင့်ဖက်ရှင်အတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်မယ့် ဦးထုပ်ဒီဇိုင်းမျိုးဆိုတာ သိထားပါ။



Ref:lookbook.nu

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...