အတိတ်တစ္ဆေ
စာရေးသူ စာမရေးဖြစ်သည်မှာ ကြာတောင့်ကြာရှည်ရှိပါပြီ။ စာရေးစားပွဲတွင်
ကြိုးစားထိုင်လိုက်တိုင်း စကားလုံးတွေက ရောက်မလာ။ စာရွက် ဗလာတွေသာ
ထားခဲ့ရသည်။ စာရေးသည့် အလုပ်က အနာဂတ်အမြင် ကြည်လင်ပါမှ လက်ကသွက်
စာကထွက်တတ်ရာ ဝင်စားစိတ်ကို အနာဂတ် သို့ ပို့ကြည့်ပါသည်။ မရ။ ဘယ်လိုမှမရ။
အတိတ်တွင်သာ ဝဲလည်လိုက်ရင်း ပစ္စုပ္ပန်ကို ပြန်လန့်နေသည်။ မခက်ပါလား။
စာရေးသူအမြင်၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အားတက်မျှော်လင့်စရာ “နှင်းခဲပျော်ချိန်” နှစ်ကြိမ်ရှိခဲ့သည်ဟု ထင်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ …။ ပထမနှင်းခဲပျော်ချိန် ကို ၁၉၆၀ ရွေးကောက်ပွဲနှင့် ဖွင့်ခဲ့သည်။ ဤရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ(ပထစ)က ၊ “ဖက်ဆစ်ဝါဒကို ရွေးမည်လော၊ ဒီမိုကရေစီဝါဒကို ရွေးမည်လော …” ဆိုသော ကြွေးကြော်သံဖြင့် ဝင်သည်။ လူထုက “အသည်းကြားက မဲပြားများ” ဖြင့် ဒီမိုကရေစီကို ရွေးခဲ့ကြသည်။ သို့တစေ မျှော်လင့်သလိုကား မဖြစ်။ ပထမဇာတ်ကွက် …၊ အာဏာရပါတီ အကွဲအပြဲ၊ ဒုတိယ ဇာတ်ကွက် …၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ကြေညာချက်နှင့် နောက်ဆက်တွဲ ပြဿနာများ၊ တတိယဇာတ်ကွက် … ဖက်ဒရယ်ဆွေးနွေးပွဲများ …။ နောက်ဆုံး “တော်လှန်ရေးကောင်စီ” က ဒီမိုကရေစီ ဇာတ်ကြီးတစ်ခုလုံးကို ပြည်ဖုံးကား ချပစ်လိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲက နှစ်ပေါင်း ၅၀ နီးပါးမျှ ရပ်နားထားခဲ့ရသော ဒီမိုကရေစီဇာတ်ကြီးကို ပြန်စဖို့ ပြည်ဖုံးကားကြီး ပြန်ဖွင့်လိုက်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ဇာတ်ကွက်တွေ ပိုမြိုင်လာသည်။ ဒုတိယ နှင်းခဲပျော်ချိန် …။ အမှန်ပင် အားတက်ဖို့ ကောင်းပါသည်။ တကယ်လည်း အားတက်ရပါသည်။ သို့တစေ အပြည့်အဝတော့လည်း အားမတက်နိုင်။ အတိတ်၏အရိပ် များကို ပစ္စုပ္ပန်တွင် မြင်နေရသည်။
သမိုင်းသည် တစ်ကျော့ လည်တတ်သလော …။
“ဘယ့်နှယ်လဲ၊ ကိုရွှေဦးဗိုလ်နဲ့ ကိုရွှေသခင်တို့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အုပ်နေကြတာ၊ မမောကြသေးဘူးလား …” စသည်ဖြင့်။ ယခု ဥက္ကဋ္ဌ ကြီးများ ကိုယ်တိုင် အကြိတ်အနယ် ဖြစ်နေတော့ နာယကကြီးကိုယ်တိုင် ထိန်းမှရတော့မည်လား မသိ။ ပြည်တော်ပြန် ကိုမင်းဇင်(တစ်ခါက တာရာငြိမ်းချမ်း) ပြောသော “နာယကကြီး ကျန်းမာဖို့အရေးကြီး” ဆိုသည့်စကားမှာ လူကြိုက်မများသည့်တိုင် “ခါးသီးသောအမှန်” ဖြစ်နေမလား မဆိုနိုင်။
ယခုအခါတွင်လည်း ရခိုင်ပြည်နယ်မှ အရေးကို ဒေသတွင်း ကန့်သတ် မဖြေရှင်းနိုင်ရာမှ တစ်ပြည်လုံးလောက် ပျံ့နှံ့သွားခဲ့ကာ ဘာသာရေး လူမျိုးရေးအသွင် ဆောင်လာသည်။ အမှန်စင်စစ် ရခိုင်အရေးမှာ သမိုင်း ဇာစ်မြစ်များနှင့် ဆက်စပ်နေသော ပထဝီနိုင်ငံရေးပြဿနာ ဖြစ်သည်။ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်း ကြရပါလိမ့်မည်။ ဘာသာရေး လူမျိုးရေးသဘော မဖြစ် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ဆင် လုပ်ကြံဖန်တီးမှုများ ရှိနိုင်သည်ကိုလည်း သတိချပ်ဖို့ လိုပါသည်။
ပထမခေတ် နိုင်ငံတော် ဘာသာပြဋ္ဌာန်းချက်နှင့် နောက်ဆက်တွဲ ပြဿနာများနှင့် ပတ်သက်ပြီး ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦး ဖြစ်သူ ဝိဓူရသခင်ချစ်မောင်၏ မှတ်ချက် စကားကို လက်ရှိအခြေအနေနှင့် ဆက်စပ်စဉ်းစားနိုင်စေရန် ပြန်လည် ဖော်ပြလိုသည်။ ယခုလို … “၁၉၅၈-၅၉ မှစ၍ သယ်လာခဲ့သော ပြည်သူတို့၏ နိုင်ငံရေး ဒီမိုကရေစီရေး အုံကြွမှုကြီးသည် အလွန်နှမြောစရာ ကောင်းလောက်အောင် ဘာသာရေးတိုက်ပွဲဖြင့် လမ်းလွဲခံရကာ ဇာတ်မျောကွယ် ပျောက်သွားခဲ့ရတော့သည် …” ဟူ၏။ ယခုလည်း ၁၉၈၈ ခုနှစ် ကတည်းက သယ်ဆောင်လာ သော ဒီမိုကရေစီအရေးတော်ကြီး ကို မျက်ခြည်မပြတ် စောင့်ရှောက် ရှေ့ဆက်နိုင်ရန် အထူးအရေးကြီး လိမ့်မည်ဟု သဘောရပါသည်။
ယခု ဒုတိယနှင်းခဲပျော်ချိန်တွင် ဆိုခဲ့ပါ လူမျိုးစုပြဿနာ အဖြေရှာရေး အတွက် လမ်းစ ပြန်ပေါ်လာသည်။ ဤတွင် လမ်းကြောင်းနှစ်ရပ် သိသိသာသာ ပေါ်လာသည်။ ပထမလမ်းကြောင်းမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ချင်းမိုင်ဆွေးနွေးပွဲမှ လာသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို လက်မခံ၊ ဖက်ဒရယ် စင်စစ် အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ဆိုသည်။ ဤအဆိုကို ပြည်တွင်းပြည်ပ မီဒီယာအချို့က ပဲ့တင်ထပ်ကြသည်။ Opinion Leader ဆိုသူများကလည်း ဝိုင်းဝန်းချီးပကြသည်။ ရယ်ဒီကယ်အကျဆုံး အစွန်းရောက်အုပ်စုများက ဆိုလျှင် “ဖျက်သုံးဖျက် ကြွေးကြော်သံ” ပင် တင်လာကြသည်များ ရှိသည်။ (အခြေခံဥပဒေဖျက်၊ ဦးပိုင်ဖျက်၊ ကာလုံဖျက် စသဖြင့်) လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်သည့်တိုင် အဖြေရဖို့မလွယ်။ ဆန့်ကျင် ဘက်အကျိုးဆက်နှင့်ပင် တိုးနိုင်သည်ဟု ဆင်ခြင်ရပါသည်။
မာ့စ်ဝါဒီ သမိုင်းဆရာများကမူ “သမိုင်းဘီးကြီးမှာ ဘယ်တော့မှ နောက်ပြန်မလည်၊ ရှေ့သို့သာချီမြဲ” ဟု ယတိပြတ်ဆိုသည်။ အကျော်ဇေယျ သမိုင်းဆရာကြီး ပါမောက္ခ တွိုင်ဘီကမူ “သမိုင်းတစ်ကျော့လည်တတ်သည်” ဟု အခိုင်အမာ ဆိုပါသည်။ အထူးသဖြင့် သမိုင်းဇာတ်ကောင်များ၏ အသိပညာ ရေချိန် တန့်ခံနေလျှင် သမိုင်းတစ်ကျော့ လည်တတ်သည်ဟု သတိပေးသည်။
၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ …။ တစ်နည်း ၂၀ ရာစုနှင့် ၂၁ ရာစု …။ ကမ္ဘာကြီးမှာ အကြီးအကျယ် ပြောင်းသွားခဲ့ပါပြီ။
ကျွန်တော်တို့သည်ကား …။
ကျော်ဝင်း
စာရေးသူအမြင်၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အားတက်မျှော်လင့်စရာ “နှင်းခဲပျော်ချိန်” နှစ်ကြိမ်ရှိခဲ့သည်ဟု ထင်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ …။ ပထမနှင်းခဲပျော်ချိန် ကို ၁၉၆၀ ရွေးကောက်ပွဲနှင့် ဖွင့်ခဲ့သည်။ ဤရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ(ပထစ)က ၊ “ဖက်ဆစ်ဝါဒကို ရွေးမည်လော၊ ဒီမိုကရေစီဝါဒကို ရွေးမည်လော …” ဆိုသော ကြွေးကြော်သံဖြင့် ဝင်သည်။ လူထုက “အသည်းကြားက မဲပြားများ” ဖြင့် ဒီမိုကရေစီကို ရွေးခဲ့ကြသည်။ သို့တစေ မျှော်လင့်သလိုကား မဖြစ်။ ပထမဇာတ်ကွက် …၊ အာဏာရပါတီ အကွဲအပြဲ၊ ဒုတိယ ဇာတ်ကွက် …၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ကြေညာချက်နှင့် နောက်ဆက်တွဲ ပြဿနာများ၊ တတိယဇာတ်ကွက် … ဖက်ဒရယ်ဆွေးနွေးပွဲများ …။ နောက်ဆုံး “တော်လှန်ရေးကောင်စီ” က ဒီမိုကရေစီ ဇာတ်ကြီးတစ်ခုလုံးကို ပြည်ဖုံးကား ချပစ်လိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲက နှစ်ပေါင်း ၅၀ နီးပါးမျှ ရပ်နားထားခဲ့ရသော ဒီမိုကရေစီဇာတ်ကြီးကို ပြန်စဖို့ ပြည်ဖုံးကားကြီး ပြန်ဖွင့်လိုက်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ဇာတ်ကွက်တွေ ပိုမြိုင်လာသည်။ ဒုတိယ နှင်းခဲပျော်ချိန် …။ အမှန်ပင် အားတက်ဖို့ ကောင်းပါသည်။ တကယ်လည်း အားတက်ရပါသည်။ သို့တစေ အပြည့်အဝတော့လည်း အားမတက်နိုင်။ အတိတ်၏အရိပ် များကို ပစ္စုပ္ပန်တွင် မြင်နေရသည်။
သမိုင်းသည် တစ်ကျော့ လည်တတ်သလော …။
အကွဲအပြဲဇာတ်လမ်း
“မွေးကတည်းက အကွဲပါ၊ ဗိန္ဓောဆရာ ကုလို့မရ” ဆိုသော စာပြောင်သံချပ်မှာ မြန်မာ့နိုင်ငံရေးကို ရည်ရွယ်လေသည်လား မသိ။ ကြည့်ပါ၊ ဖဆပလ အဖွဲ့ကြီး ကွဲလို့မှ ဒဏ်ရာ မကျက်တတ်သေးမီ သန့်ရှင်း ဖ.ဆ.ပ.လ တစ်ဖြစ်လဲ ပထစတွင်လည်း “ဦးဗိုလ်-သခင်” ကွဲကြပြန်သည်။ ဤအကွဲက မဲဆန္ဒရှင် လူထု၏ ဒီမိုကရေစီအိပ်မက်ကို စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။
၂၀၁၂
ရွေးကောက်ပွဲနောက်ပိုင်း အစဉ်အလာ ဆန့်ကျင်ဘက် အင်အားစုများကြား
ပြေလည်ရေးလမ်းစ ပေါ်လာရာ မျှော်လင့်လို့မှ မဆုံးသေးမီမှာပင် မထင်မှတ်သော
နေရာမှ မထင်မှတ်သော “အက်သံ” အချို့ကို စတင်ကြားလာရသည်။ အချိန်ကြာလာ
သည်နှင့်အမျှ၊ ဒီမိုကရေစီ အတွေ့အကြုံ ရင့်ကျက်လာသည်နှင့်အမျှ
အဆိုပါအက်သံများ၊ တဖြည်းဖြည်း မှိန် ဖျော့လာလိမ့်မည် မှန်းဆရသော်လည်း
လက်တွေ့တွင် ထင်တိုင်းမဖြစ်။ ပိုစိပ်လာသည်။ ထိပ်တိုက်သဘော ပိုဆောင်လာသည်။
အက်သံမက ကွဲသံ ပါလာသည်။ “ပြုပြင်ပြောင်းလဲရေးကာလတွင် သဘာဝကျစွာ
ကြုံတွေ့ရမည့် နိုင်ငံရေးပွတ်တိုက်မှုများ” ဟု ဆိုသော်လည်း သဘာဝမကျတာတွေ
ရှိလာသည်။ ဒီမိုကရေစီတွင် ငြင်းကြ၊ ခုံကြ၊ သဘောကွဲလွဲကြတာတွေ ရှောင်မရ
သော်လည်း “ဖြုတ်ထုတ်သတ်” အထိ ဘရိတ်မပေါက်ကြဖို့ လိုပါလိမ့်မည်။ (ပဲခူးရိုးမ
ဗကပတွေလို “ငဆော်ကြီး”၊ “ငခုတ်ကြီး” တွေနှင့်ချမှ သတ်ရာ ရောက်သည်မဟုတ်။
နိုင်ငံရေးအရ နာလန်မထူအောင် တွယ်ကြသည် မှာလည်း “သတ်” ခြင်းတစ်မျိုးသာ
ဖြစ်သည်။)
ပထစကွဲစဉ်ကတော့ ဥက္ကဋ္ဌကြီးဦးနုက ယခုလို ဝင်ထိန်းဖူးသည်။“ဘယ့်နှယ်လဲ၊ ကိုရွှေဦးဗိုလ်နဲ့ ကိုရွှေသခင်တို့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အုပ်နေကြတာ၊ မမောကြသေးဘူးလား …” စသည်ဖြင့်။ ယခု ဥက္ကဋ္ဌ ကြီးများ ကိုယ်တိုင် အကြိတ်အနယ် ဖြစ်နေတော့ နာယကကြီးကိုယ်တိုင် ထိန်းမှရတော့မည်လား မသိ။ ပြည်တော်ပြန် ကိုမင်းဇင်(တစ်ခါက တာရာငြိမ်းချမ်း) ပြောသော “နာယကကြီး ကျန်းမာဖို့အရေးကြီး” ဆိုသည့်စကားမှာ လူကြိုက်မများသည့်တိုင် “ခါးသီးသောအမှန်” ဖြစ်နေမလား မဆိုနိုင်။
ဘာသာရေးနှင့် နိုင်ငံရေး
ပထမနှင်းခဲပျော်ချိန်၏ ဒုတိယဇာတ်ကွက်ကို ဆက်ပါမည်။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ပထစအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်းလိုက်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဦးနုကို လေးစားရမည်ဖြစ်သော်လည်း နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနှင့်မူ ထိုစဉ်က အခြေခံဥပဒေ (၁၉၄၇ ဥပဒေ) ပါ ဘာသာရေးနှင့် နိုင်ငံရေး စည်းခြားထားမှု အနှစ်သာရကို ဖျက်သိမ်းရာ ရောက်သွားသည်။ နိုင်ငံတကာ ဒီမိုကရေစီ အစဉ်အလာနှင့်လည်း ဆန့်ကျင်ရာရောက်သည်ဟု ထင်သည်။ ပြည်တွင်းတွင် ဘာသာရေး၊ လူမှုရေး မငြိမ်သက်မှုများသာမက ပြည်တွင်းစစ် ကိုပင် အပြန့်ကျယ်သွားစေခဲ့သည်။ယခုအခါတွင်လည်း ရခိုင်ပြည်နယ်မှ အရေးကို ဒေသတွင်း ကန့်သတ် မဖြေရှင်းနိုင်ရာမှ တစ်ပြည်လုံးလောက် ပျံ့နှံ့သွားခဲ့ကာ ဘာသာရေး လူမျိုးရေးအသွင် ဆောင်လာသည်။ အမှန်စင်စစ် ရခိုင်အရေးမှာ သမိုင်း ဇာစ်မြစ်များနှင့် ဆက်စပ်နေသော ပထဝီနိုင်ငံရေးပြဿနာ ဖြစ်သည်။ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်း ကြရပါလိမ့်မည်။ ဘာသာရေး လူမျိုးရေးသဘော မဖြစ် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ဆင် လုပ်ကြံဖန်တီးမှုများ ရှိနိုင်သည်ကိုလည်း သတိချပ်ဖို့ လိုပါသည်။
ပထမခေတ် နိုင်ငံတော် ဘာသာပြဋ္ဌာန်းချက်နှင့် နောက်ဆက်တွဲ ပြဿနာများနှင့် ပတ်သက်ပြီး ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦး ဖြစ်သူ ဝိဓူရသခင်ချစ်မောင်၏ မှတ်ချက် စကားကို လက်ရှိအခြေအနေနှင့် ဆက်စပ်စဉ်းစားနိုင်စေရန် ပြန်လည် ဖော်ပြလိုသည်။ ယခုလို … “၁၉၅၈-၅၉ မှစ၍ သယ်လာခဲ့သော ပြည်သူတို့၏ နိုင်ငံရေး ဒီမိုကရေစီရေး အုံကြွမှုကြီးသည် အလွန်နှမြောစရာ ကောင်းလောက်အောင် ဘာသာရေးတိုက်ပွဲဖြင့် လမ်းလွဲခံရကာ ဇာတ်မျောကွယ် ပျောက်သွားခဲ့ရတော့သည် …” ဟူ၏။ ယခုလည်း ၁၉၈၈ ခုနှစ် ကတည်းက သယ်ဆောင်လာ သော ဒီမိုကရေစီအရေးတော်ကြီး ကို မျက်ခြည်မပြတ် စောင့်ရှောက် ရှေ့ဆက်နိုင်ရန် အထူးအရေးကြီး လိမ့်မည်ဟု သဘောရပါသည်။
သိမ်မွေ့သည်လည်းရှိသော၊ အကဲဆတ်သည်လည်းဖြစ်သော
ပထမနှင်းခဲပျော်ချိန်၏ တတိယဇာတ်ကွက်မှာ မြန်မာ့နိုင်ငံရေး၏ အသိမ်မွေ့ဆုံးလည်းဖြစ် အကဲဆတ်ဆုံးလည်း ဖြစ်သော လူမျိုးစုပြဿနာ နှင့် ဆက်စပ်နေသည်။ သမိုင်းကို ပြန်လှန်ရလျှင် တောင်တန်းမြေပြန့်မခွဲ လွတ်လပ်ရေး အတူယူကြမည်ဆိုသော ပင်လုံစိတ်ဓာတ်ဖြင့် ဇာတ်ပန္နက်တည် ခဲ့ကြရာမှ မပြီးပြတ်သေးသော လူမျိုးစုပြဿနာ အဖြေရှာရေးမှာ ၁၉၆၀ ရွေးကောက်ပွဲအပြီးမှ အခွင့်သာလာခဲ့သည်။ ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး အပေါ် အရှိန်ပြင်းပြင်း လှုပ်ခတ်နေဆဲ “ရှမ်းမူ” ခေါ် “ဖက်ဒရယ်မူ” မှာ ဤနောက်ခံအခင်းအကျင်းတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤနေရာတွင် ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး အဆိုးအကောင်းကို မဝေဖန်လိုသည့်တိုင် လက်တွေ့ အကောင်အထည် ဖော်ရာတွင်မူ ထိုစဉ်က ရှိနေခဲ့သော ဖြစ်တန်ရာ ဘေးထွက်ဆိုးကျိုး များအပေါ် တွက်ဆမှု အားနည်းသည်များ ရှိခဲ့လေသလား စဉ်းစားမိသည်။ ဥပမာ-တောင်ကြီးစားမြိန်ရိပ်သာ ညီလာခံတွင် “ဗမာ” ကို မဖိတ်ကြားခဲ့ခြင်း၊ ရန်ကုန်အသံလွှင့်ရုံ ဆွေးနွေးပွဲများတွင် တပ်မတော် မပါဝင်ခဲ့ခြင်း စသည်တို့ဖြစ်သည်။ယခု ဒုတိယနှင်းခဲပျော်ချိန်တွင် ဆိုခဲ့ပါ လူမျိုးစုပြဿနာ အဖြေရှာရေး အတွက် လမ်းစ ပြန်ပေါ်လာသည်။ ဤတွင် လမ်းကြောင်းနှစ်ရပ် သိသိသာသာ ပေါ်လာသည်။ ပထမလမ်းကြောင်းမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ချင်းမိုင်ဆွေးနွေးပွဲမှ လာသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို လက်မခံ၊ ဖက်ဒရယ် စင်စစ် အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ဆိုသည်။ ဤအဆိုကို ပြည်တွင်းပြည်ပ မီဒီယာအချို့က ပဲ့တင်ထပ်ကြသည်။ Opinion Leader ဆိုသူများကလည်း ဝိုင်းဝန်းချီးပကြသည်။ ရယ်ဒီကယ်အကျဆုံး အစွန်းရောက်အုပ်စုများက ဆိုလျှင် “ဖျက်သုံးဖျက် ကြွေးကြော်သံ” ပင် တင်လာကြသည်များ ရှိသည်။ (အခြေခံဥပဒေဖျက်၊ ဦးပိုင်ဖျက်၊ ကာလုံဖျက် စသဖြင့်) လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်သည့်တိုင် အဖြေရဖို့မလွယ်။ ဆန့်ကျင် ဘက်အကျိုးဆက်နှင့်ပင် တိုးနိုင်သည်ဟု ဆင်ခြင်ရပါသည်။
လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို
ဖက်ဒရယ်စစ် မစစ် ခြေကန်ငြင်း နေကြမည့်အစား ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို
“ပေးထားချက်” အဖြစ် ယူကာ မိမိတို့ လိုလားသော ဖက်ဒရယ် အနှစ်သာရများကို
ညှိနှိုင်းဆွေးနွေး ကြလျှင်ကော … မဖြစ်နိုင်ပေဘူးလား … စဉ်းစားကြစေချင်သည်။
အပြည့်အဝ မဟုတ်လျှင်သော်မှ အဖြေအချို့ ရနိုင်စရာရှိသည်ဟု မြင်သည်။
ပေးထားချက်တွင် မပါသော “သယံဇာတခွဲဝေရေး” အတွက်ပင် အဆင်ပြေကောင်း
ပြေနိုင်စရာရှိမည် ထင်သည်။ ဤနေရာတွင် “မယိမ်းမယိုင် ကျောက်စာတိုင်” ဆိုသော
သမားရိုးကျခံယူချက် ဆိုသည်ထက် လိမ္မာပါးနပ် သော နိုင်ငံရေးအမြော်အမြင်က
အဓိကကျပါလိမ့်မည်။ ဒုတိယနှင်းခဲ ပျော်ချိန်ကို ပထမနှင်းခဲပျော်ချိန်လို
ကံကြမ္မာမျိုး မတိုးစေဖို့ သတိကြီးကြီး ထားကြစေချင်သည်။
တွိုင်ဘီစကား
ထပ်ပြောပါဦးမည်။ “သမိုင်းသည် တစ်ကျော့လည်တတ်ပါသလော” ..။မာ့စ်ဝါဒီ သမိုင်းဆရာများကမူ “သမိုင်းဘီးကြီးမှာ ဘယ်တော့မှ နောက်ပြန်မလည်၊ ရှေ့သို့သာချီမြဲ” ဟု ယတိပြတ်ဆိုသည်။ အကျော်ဇေယျ သမိုင်းဆရာကြီး ပါမောက္ခ တွိုင်ဘီကမူ “သမိုင်းတစ်ကျော့လည်တတ်သည်” ဟု အခိုင်အမာ ဆိုပါသည်။ အထူးသဖြင့် သမိုင်းဇာတ်ကောင်များ၏ အသိပညာ ရေချိန် တန့်ခံနေလျှင် သမိုင်းတစ်ကျော့ လည်တတ်သည်ဟု သတိပေးသည်။
၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ …။ တစ်နည်း ၂၀ ရာစုနှင့် ၂၁ ရာစု …။ ကမ္ဘာကြီးမှာ အကြီးအကျယ် ပြောင်းသွားခဲ့ပါပြီ။
ကျွန်တော်တို့သည်ကား …။
ကျော်ဝင်း
0 comments:
Post a Comment