Friday, November 29, 2013

ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကိုတက်နိုင်ခဲ့လို့ အနည်းငယ်အသက်ရှုချောင်သွားခဲ့တဲ့ တော့တင်ဟမ်နည်းပြ ဗိုအာ့စ်



အင်္ဂလန်ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရှက်ဖွယ်လိလိအရေးနိမ့်ခဲ့ တာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ တော့ တင်ဟမ်နည်းပြဗီးလက်စ်ဗိုအာ့စ်အတွက် ထွက်ပေါက်ဖြစ်စေခဲ့တာ ကတော့ နော်ဝေကလပ်ထရွမ်ဆိုကို အဝေးကွင်းမှာ (၂)ဂိုးပြတ်အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ခြင်းပဲဖြစ် ပါတယ်။ ဒီပွဲရဲ့ ထူးခြားမှုက တော့တင်ဟမ်အတွက် ဒီနှစ်ဘောလုံးရာသီမှာ တစ်ဂိုးမှမသွင်းနိုင်သေးကြတဲ့ ချာရစ်ချက်နဲ့ ဒမ်ဘီလီတို့ တစ်ဂိုးစီသွင်းကာ ဈေးဦးစပေါက်သွားခဲ့ကြခြင်းပါပဲ။ ရေခဲတဲ့အထိ အေးစက်လွန်း လှတဲ့ နော်ဝေမြောက်ပိုင်းဒေသခံကလပ်အသင်းနဲ့ပွဲကို အနိုင်ရရှိခဲ့ခြင်းဟာ အလုပ်ထုတ်ခံရမယ်လို့သတင်း ပြေးနေတဲ့နည်းပြအတွက်အားဆေးတစ်ခွက်ဖြစ်ခဲ့ရတာအမှန်ပါပဲ။

ဒီပွဲမတိုင်ခင်မှာ တော့တင်ဟမ်ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ လော့ဒ်ရှူးဂါးက လက်ရှိအသင်းနည်းဗိုအာ့စ်ရဲ့ နည်းစနစ်တွေကို နားလည်နိုင်ဖို့ ခက်ခဲနေကြောင်း၊ ဂိုးတွေဘယ်လိုနည်းစနစ်နဲ့ရနေခဲ့တယ်ဆိုတာ နားမလည် နိုင်ခဲ့ကြောင်း၊ မိမိရဲ့အရင်းနှီးဆုံးမိတ်ဆွေကြီးဖာဂူဆန်သာ နည်းပြလောကထဲပြန်ဝင်ဖို့ စိတ်ပြန်လည်လာခဲ့မယ် ဆိုရင် အသင်းကိုတာဝန်ယူခိုင်းချင်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။­

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...