Thursday, August 29, 2013

စီးတီးဘတ်စ်ယာဉ် အသစ်ကြီးများအား အစားထိုး ပြေးဆွဲမည် စီးတီးဘတ်စ်ယာဉ် အသစ်ကြီးများအား အစားထိုး ပြေးဆွဲမည်


ရန်ကုန် ၊ ၂၉-၈-၂၀၁၃

နိုင်ငံတော် မှ ယာဉ်အို ယာဉ်ဟောင်း များကို အပ်နှံရေး အစီအစဉ် များကို ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၁၁ ခုနှစ် ဇွန်လ အတွင်း အပ်နှံသော ယာဉ်များ ၊ ဂျစ် နှင့် ဟိုင်းလပ် အစရှိသော ယာဉ်အစီးရေ ၂၄၃၇ စီးကို စီးတီးဘတ်စ် အဖြစ် ပြောင်းလဲခြင်းဖြင့် လည်းကောင်း ၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းတွင် ၂၇၃၅ စီး တိုးမြှင့် ပြောင်းလဲ ပြေးဆွဲလျက် ရှိသည့်အပြင် မကြာမီ ကာလအတွင်း၌ ယာဉ်အသစ်များ ထပ်တိုး ပြေးဆွဲမည် ဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။

ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း ယခင်က မီနီဘတ်စ် အရေအတွက် ၃၂၃ စီး ပြေးဆွဲခဲ့ပြီး ယခု မီနီဘတ်စ် ၃၃၈ စီးအထိ တိုးမြှင့်၍ လည်းကောင်း ၊ ဟိုင်းလပ် ယာဉ်သည် ယခင် ၁၁၀၉ စီး ပြေးဆွဲ ခဲ့သော်လည်း ယခုအခါ ၈၈၀ စီးသာ ဆွဲနိုင် တော့ကြောင်း ၊ ဘီအမ်ယာဉ် သည် ယခင်က ၇၈၀ စီး ပြေးဆွဲ နေရာမှ ယခုအခါ ၄၁၉ စီးသာ ပြေးဆွဲလျက် ရှိကြောင်း ၊ ချက်ပလက် ယာဉ်သည် ယခင်က ၃၈၉ စီး ပြေးဆွဲရာမှ ယခုအခါ တွင် တစ်စီးမှ ပြေးဆွဲခြင်း မရှိတော့ ကြောင်း ၊ ဒိုင်နာကင်တာ ယာဉ်စီးရေ ၂၁၄၄ စီး ပြေးဆွဲရာမှ လက်ရှိတွင် ၁၈၈၁ စီးသာ ပြေးဆွဲလျက် ရှိကြောင်း နှင့် ယခင် ဂျစ်ယာဉ် အစီးရေ ၂၇၆ စီး ပြေးဆွဲသည့် နေရာတွင် ယာဉ်ငယ် အုပ်စု နှင့် ဆလွန်းကား များ ၀င်ရောက် နေရာယူ ပြေးဆွဲလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...