Wednesday, March 19, 2014

ပိုင်ဆိုင်မှုမရှိဘဲ ကားလိမ်ရောင်းသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို အမှုဖွင့်





မော်တော်ယာဉ်တစ်စီးကို အမှန်တကယ် ပိုင်ဆိုင်ခြင်းမရှိဘဲ လိမ်လည်ရောင်းချခဲ့သည့်အတွက် အမျိုးသမီး တစ်ဦးကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းမှုကို ဗိုလ်တထောင် ရဲစခန်းက မတ် ၁၆ ရက် တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုအမှုကို ဗိုလ်တထောင်မြို့နယ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ အရောင်းအ၀ယ် လုပ်ကိုင်သူ ဦးကျော်နိုင်စိုးက အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ၎င်းထံသို့ ခင်မင်ရင်းနှီးသူ တစ်ဦးဖြစ်သည့် မလတ်စုနန္ဒာ (စုံစမ်း ဆဲ) ရောက်ရှိလာပြီး အရေးတကြီး ငွေလိုအပ်နေ၍ ၎င်းပိုင် Mark II အမျိုးအစား ခဲရောင်လိုင်စင်ရှိ ကိုယ် ပိုင်ယာဉ်အား ကျပ် ၁၁၅ သိန်းဖြင့် ရောင်းချခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် စရန်ငွေ ကျပ်သိန်း ၇၀ ပေးချေကာ ကျန်ငွေ ကျပ် ၄၅သိန်းကို အုံနာစာအုပ် အပ်နှံချိန်တွင် ငွေ အကြေပေးချေအပ်နှံရန် သဘောတူစာချုပ်ချုပ်ဆို ၀ယ်ယူခဲ့သည်ဟု တရားလိုက ရဲတိုင်ရာတွင် ပြောပြ ထားသည်။
ထိုအချိန်တွင် ယာဉ်နှင့် ၀ှီးတက် တစ်စောင်၊ ကားသော့တို့ကို အပ်နှံခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ် မှတ်ပုံတင်စာအုပ် လာရောက် ပေးအပ်ခြင်းမရှိသဖြင့် စုံစမ်းကြည့်ရာ အဆိုပါယာဉ်မှာ မလတ်စုနန္ဒာက ပိုင်ဆိုင်ခြင်း မရှိကြောင်းကို သိရှိရသည်ဟု ဆိုထားသည်။
ထို့ကြောင့် ယာဉ်အား အမှန်တကယ် ပိုင်ဆိုင်မှုမရှိဘဲ လိမ်လည်ရောင်းချသူအဖြစ် မလတ်စုနန္ဒာကိုအရေး ယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဗိုလ်တထောင်ရဲစခန်းက (ပ)၄၉/၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ရှာဖွေစုံစမ်းနေကာ ပြစ်မှုကျူးလွန်ကြောင်း ဟုတ်မှန်ပါက လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် တရားစွဲတင် အရေးယူရန် ဆောင်ရွက် လျက်ရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...