Sunday, August 25, 2013

နယ်ဝယ်လက်များကြောင့် ရန်ကုန် ကားဈေးကွက် အရောင်း အဝယ်တက်


ရန်ကုန် သြဂုတ် ၂၄

အရောင်း အဝယ် အေးနေသည့် ရန်ကုန် ကားဈေးကွက် အတွင်း၌ နယ်ဝယ်လက် အချို့၏ ဝယ်ယူ မှုကြောင့် အရောင်းအဝယ် အနည်းငယ် ပြန်လည် ကောင်းမွန် လာကြောင်း ရန်ကုန်


ကားဈေးကွက် အတွင်းမှ စုံစမ်း သိရှိ ရသည်။

ရန်ကုန် ကားဈေးကွက် အတွင်း လွန်ခဲ့သော ရက်ပိုင်းများ အတွင်းက ဝယ်ယူမည့်သူ မရှိဘဲ အရောင်း အဝယ် အေးစက် နေခဲ့ပြီး ကား ရောင်းချ လိုသူ များသာ များပြား နေသောကြောင့် အရောင်း အဝယ်များ မရှိ သလောက် နည်းပါး ခဲ့ကြောင်း မော်တော်ယာဉ် အကျိုးဆောင်များ ထံမှ သိရသည်။

''အခု ရက်ပိုင်း အတွင်းမှာ အရောင်းအဝယ် နည်းနည်း ပြန်ကောင်း လာတယ်။ ကား ရောင်းချ လိုသူတွေ အတွက် အခြေအနေ၊ အခွင့်အရေး နည်းနည်း ပြန်ပေးလာတယ်။ ကားရောင်းတဲ့ သူတွေ ကတော့ ဈေးနည်းနည်း လျှော့ပြီး ရောင်းနေ ရတာပေါ့။ နယ် ဝယ်လက်တွေရဲ့ ဝယ်ယူ မှုကြောင့် ရန်ကုန် ကားဈေးကွက် အခြေ အနေ ပြန်ကောင်း လာပါတယ်'' ဟု လုပ်သက်ရင့် ကား အကျိုးဆောင် ဦးမောင်က ပြောကြား ခဲ့သည်။

နယ်ဝယ်လက်များ အကြိုက် တွေ့ပြီး ဝယ်ယူမှု များသည့် ကား အမျိုး အစားများမှာ ငွေကျပ်သိန်း ၁၅ဝ ပတ်ဝန်း ကျင်ရှိ Mark II ရွှေငါး၊ ဟာရီရာ၊ ဆက်ဖ် အစရှိသော ကားများ ဖြစ်ပြီး ငွေကျပ်သိန်း ၁၈ဝ ဝန်းကျင် ကားများမှာ ပို၍ အရောင်းအဝယ် ကောင်းမွန် နေကြောင်း သိရသည်။

ထက်နေ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...