Sunday, August 25, 2013

ဘိုလီဗီးယား နိုင်ငံရှိ အကျဉ်းထောင် တစ်ခုတွင် အဓိကရုဏ်းဖြစ်ပွား ၂၉ ဦးသေဆုံး



လာပါ့ဇ် သြဂုတ် ၂၄

ဘိုလီဗီးယား နိုင်ငံ အရှေ့ပိုင်း ဆန်တာခရုဇ်မြို့ရှိ အကျဉ်းထောင် တစ်ခုတွင် သြဂုတ် ၂၃ ရက် အစော ပိုင်းက အဓိကရုဏ်း တစ်ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၂၉ ဦး သေဆုံး၍ အခြားလူ ၅ဝ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

ယင်း အဓိကရုဏ်းသည် ပါမာဆိုလာ အကျဉ်းထောင်တွင် ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ၎င်းအကျဉ်းထောင်ရှိ အကျဉ်းသား များအား ထိန်းချုပ်ရန် ထောင် အာဏာပိုင် များက ခန့်အပ်ထားသည့် အကျဉ်းသားများ အကြား အငြင်းပွား ခဲ့ရာမှ ယင်းကဲ့သို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဓိကရုဏ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာ ရရှိသူများအား ဒေသတွင်း ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး ၎င်းအခြေ အနေကို အကျဉ်းထောင် တာဝန်ရှိသူများက ထိန်းသိမ်း၍ သေဆုံးသူ ရုပ်အလောင်း များအား မည်သူ မည်ဝါ ဖြစ်သည်ကို ဖော်ထုတ် နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အရာရှိကြီး တစ်ဦးဖြစ်သူ ဂျော့အရာစီနာက ပြောကြား ခဲ့သည်။ အဆိုပါ အကျဉ်းထောင်သည် အကျဉ်းသား အများအပြားကို အဆမတန် ချုပ်နှောင် ထားပြီး ထောင်အတွင်း ၌ အကျဉ်းသား ၃၅ဝဝ ခန့် ရှိကြောင်း သိရသည်။

(အင်တာနက်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...