Sunday, August 25, 2013

မော်တော်ယာဉ် ဘရိတ်ပေါက်၍ လမ်းဘေး ထိုးကျ



တောင်ကုတ် သြဂုတ် ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စွပ်ပစ်ကျေးရွာ အနီး တောင်ကုတ်-ပန်းတောင်း ကားလမ်း မိုင်တိုင် အမှတ် (၅ဝ/၂) တွင် ယမန်နေ့ ညနေ ၅ နာရီက မော်တော်ယာဉ် တစ်စီး လမ်းဘေး ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း နိုင်နိုင် (ခ) ကိုကိုနိုင် ၂၄ နှစ်(ဘ)ဦးကျော်သိန်း ဥသျှစ်ပင် (၅)ရပ်ကွက် ပြည်တော် လမ်း ပန်းတောင်းမြို့နယ် နေသူသည် ကားပေါ်တွင် ဆန်အိတ် ၁၅ဝ တင်ဆောင် လျက် ယာဉ်နောက်လိုက် သိန်းဇော် ထွန်း ၂၈ နှစ် (ဘ)ဦးမြင့်အောင် ဥသျှစ်ပင် ရွှေပင်ရပ်ကွက် မာလာမြိုင်လမ်း ပန်းတောင်းမြို့ နေသူနှင့်အတူ တောင်ကုတ်မှပန်းတောင်းသို့ မောင်းနှင်လာရာ စွပ်ပစ်ရွာ အနီးတွင် ကားဘရိတ်ပေါက်၍ ကားလမ်း ဝဲဘက်ဘေးရှိ ချောက်ထဲ သို့ ထိုးကျခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကုတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ)၆/၂ဝ၁၃ ပြစ်မှုပုဒ်မ-၂၇၉ အမှုရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...