Monday, February 3, 2014

ရုရှားမှာ Vodka ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးမှုနှုန်း မြင့်နေ




ရုရှားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးမှုနှုန်း မြင့်တက်လာပြီး ဒါဟာ အရက်အလွန်အကျွံ သောက်တာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ Vodka ကြောင့်လို့ သုတေသနရပ် က အဖြေထွက်ပါတယ်။

၂၅ရာခိုင်နှုန်းသော ရုရှားနိုင်ငံသား အမျိုးသားတွေဟာ အသက် ၅၅နှစ်မတိုင်ခင်မှာ သေဆုံးကြပြီး သေဆုံးမှု အများစုဟာလည်း အရက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ (၇) ရာခိုင်နှုန်းပဲရှိတာ တွေ့ရပါတယ်။

သေဆုံးရခြင်း အကြောင်းရင်းတွေကတော့ အသည်းရောဂါ၊ အရက်ဆိပ်မိတာ တွေပါပဲ။ တော်တော်များများ ကလည်း ဒီလိုရောဂါတွေနဲ့ ရင်မဆိုင်ရခင်မှာ မတော်တဆမှုတွေဖြစ်ပြီး သေဆုံးကြပါတယ်။

မော်စကိုက ရုရှား ကင်ဆာဋ္ဌာန၊ ဗြိတိန်က အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ ပြင်သစ်မှာ ကင်ဆာသုတေသန လုပ်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နိုင်ငံတကာ အေဂျင်စီ တို့က သုတေသီတွေ လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံက မြို့ကြီး ၃မြို့မှာရှိတဲ့ ၁၅၁၀၀၀ သော အရွယ်ရောက်သူတွေရဲ့ အရက်သောက်မှုပုံစံတွေကို ၁၀နှစ်ကြာ စောင့်ကြည့်လေ့လာပြီး သုတေသနလုပ်နေခဲ့တာပါ။ အဲ့ဒီ့အချိန်ကာလ အတွင်းမှာပဲ ၁၅၁၀၀၀ ထဲကမှ ၈၀၀၀ သောအရက်သောက်သုံးသူတွေ သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

Ref: dailymail.co.uk

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...