Tuesday, October 22, 2013

ရီဟားနား အဘူဒါဘီ ဗလီရှေ့မှ မောင်းထုတ်ခံရ






အောက်တိုဘာ ၂၂။

အောက်တိုဘာ ၂၁ရက် ပေါ့ပ်အဆိုတော် ရီဟားနားသည် ယူအေအီးနိုင်ငံ အဘူဒါဘီရှိ ရှိုက်ခ်ဇေးယက် ဗလီရှေ့တွင် ခွင့်ပြုခွင့်မယူဘဲ ဓာတ်ပုံရိုက်သဖြင့် မောင်းထုတ်ခံခဲ့ရသည်။ လက်ရှိအချိန်တွင် အိစ်ဒ် ဘာသာရေး ရက်များအတွက် ရှိုက်ခ်ဗလီသို့ လာရောက်ရန် စာရင်းတင်ထားသူ လေးသောင်းကျော်ထဲတွင် သူမ၏ အမည် မပါခဲ့ပေ။
အသက် ၂၅နှစ်အရွယ် ရီဟားနားသည် သူမသည် ကိုယ့်အစီအစဉ်နှင့်ကိုယ် လာရောက်လည်ပတ်စဉ် ဗလီနောက်ခံထားကာ ဓာတ်ပုံရိုက်သည့်အခါ ခေါင်းမှ ခြေအဆုံးအထိ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားခဲ့သည်။ ထင်သာမြင်သာရှိသော ရွှေထည်လည်ဆွဲနှင့် နီနီရဲရဲ နှုတ်ခမ်းကိုသာ အသားပေးထားသော သူ၏ ဒီဇိုင်းကို ဗလီ၏ သိက္ခာပိုင်းကို ထိပါးစေသည်ဟု သက်ဆိုင်ရာများက ယူဆခဲ့သည်။ ယင်းအပြုအမူသည် အစ္စလာမ်များအပေါ် မထီမဲ့မြင် ပြုသည်ဟုသည် စွပ်စွဲကြသည်။
သူမ၏ ဓာတ်ပုံအတွက် Twitter တွင် ၀င်ရေးသည့် ထင်မြင်ချက်များက အမျိုးမျိုး ရှိသော်လည်း မကောင်းမြင်သူက အလွန်နည်းလှသည်။ အချို့ ဆိုလျှင် သူ၏ ဓာတ်ပုံများတွင် ဗလီကို မလေးမစားလုပ်သည့်ပုံ တစ်ပုံမှ မတွေ့ရဟု ဆိုသူက များသည်။
ယင်းနိုင်ငံတွင် အမျိုးသမီးများသည် သူတို့၏ တစ်ကိုယ်လုံး အ၀တ်များဖြင့် ဖုံးအုပ်ထားသည့် အလေ့ကို လိုက်ကာ ဖက်ရှင် သစ်တစ်မျိုးဖြင့် ဓာတ်ပုံရိုက်ခဲ့သော ရီဟားနားကို ဗလီမှ မောင်းထုတ်သည်မှ အပ တစ်စုံတစ်ရာ အရေးယူခြင်း မရှိခဲ့ပေ။
Ref: Mail Online

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...