Tuesday, November 12, 2013

ဦးနှောက်ကို စကင်ဖတ်ပြီး စိတ်ဝင်စားမှုများကို မှတ်တမ်းတင်နိုင်သည့်ပစ္စည်း ပေါ်ထွက်

Tuesday, 12 November 2013



ဦးခေါင်းတွင် ဖုန်းနှင့်တွဲကာ ဝတ်ဆင်ပြီး တပ်ဆင်ထားသူ၏ အမြင်နှင့် ခံစားချက်များကို မှတ်တမ်းတင် ပေးထားနိုင်သည့် Neurocam ဆိုသည့် ပစ္စည်းတစ်မျိုးကို ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင် ကျင်းပ သည့် ၂၀၁၃ ခုနှစ် လူသားအားရုံခံစနစ် ညီလာခံပွဲတွင် လက်တွေ့ ပြသခဲ့သည်။

အဆိုပါနားကြပ်တွင် EEG ဆင်ဆာစနစ်များ ထည့်သွင်းထားပြီး ဦးနှောက်ကို တိုက်ရိုက် အာရုံဖမ်းနိုင်ကာ လူသားစိတ်ထဲတွင် ဖြစ်ပေါ်နေသည်များကို ပြန်လည် ဖော်ထုတ်ပြနိုင်ရန် မှတ်တမ်း ယူထားနိုင်သည်ဟု ပြပွဲတာဝန်ရှိသူများက ပြောကြားသည်။

ထို Neuroncam နားကြပ်ကို iPhone နှင့် တွဲသုံးနိုင်ပြီး ထည့်သွင်းထားသည့် ဆော့ဖ်ဝဲက အထောက်အကူ ပြုပေးမည် ဖြစ်သည်။

ဦးနှောက်အတွင်း ဖြစ်ပေါ်နေသည့် စိတ်ကူးများကို ဖုန်းကင်မရာက ငါးစက္ကန့်စာ GIF ဖိုင် အမျိုးအစားဖြင့် မှတ်တမ်း ယူထားနိုင်သည်။ မှတ်တမ်း အားလုံးကို အယ်လ်ဘန် တစ်ခုတွင် ပြန်ပေါင်းပြီး ဆက်စပ်ကြည့်ရှုကာ လူတစ်ယောက်၏ စိတ်ဝင်စားမှုကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ပြပွဲတွင် လက်တွေ့ ပြသခဲ့ကြသည်။

စတိုးဆိုင်များတွင် ထိုပစ္စည်းများကို တပ်ဆင်လာမည် ဆိုပါက ဈေးဝယ်သူများသည် မည်သည့် ပစ္စည်းအပေါ် စိတ်ဝင်စားမှုများ ရှိကြောင်း မှတ်တမ်း ယူထားနိုင်သဖြင့် B2B ဟုခေါ်သည့် စီးပွားရေး ဆက်သွယ်မှု လုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်ကြောင်း သိပ္ပံပညာရှင် ကာနနာကာနိုက ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...