Tuesday, November 12, 2013

နည်းပညာထက် ကျန်းမာရေးက ပိုအရေးကြီးဟု ဘီလ်ဂိတ်ဆို




ကမ္ဘာကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ်တွင် စီအီးအို ရာထူးဖြင့် တာဝန် ထမ်းဆောင်နေသော စတိဘောမား နုတ်ထွက်သွားချိန်တွင် ကုမ္ပဏီကို ထူထောင်ခဲ့သူ ဘီလ်ဂိတ်စ်သည် အရေးပါသော နေရာကို ပြန်လာပြီး တာဝန် ထမ်းဆောင်မည်ဟု သတင်းများ ပေါ်ထွက်နေချိန်၌ Financial Times သတင်းနှင့် အင်တာဗျူးတွင် ဂိတ်စ်က နည်းပညာထက် ကျန်းမာရေးက ပိုပြီးအရေးကြီးကြောင်း ပြောကြားလိုက်သည်။

ဂိတ်စ်က သူ့အနေဖြင့် ကမ္ဘာ့ အဆင်းရဲဆုံး နေရာများတွင် ကျန်းမာရေး အကူအညီများ ပေးပြီး လူသားအကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်ပေးလိုကြောင်း ပြောကြားခဲ့သဖြင့် သူ့ဘဝတွင် နည်းပညာသည် အရေးကြီးကြောင်း ပြောဆိုခဲ့သည့် အမြင်များ ပြောင်းလဲသွားပြီဟု ကောက်ချက်ချ ရမလို ဖြစ်သွားကြောင်း ယင်းသတင်းက ဆိုသည်။
“ကျွန်တော် အိုင်တီကို ချစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေ အသက်ကယ်ဖို့၊ ကလေးတွေ အာဟာရ ပြည့်ဝအောင် လုပ်ပေးဖို့ ပိုအရေးကြီးတယ်” ဟု ဂိတ်စ်က ဆိုသည်။

အချို့သော ကုမ္ပဏီကြီးများသည် နိုင်ငံများတွင် အင်တာနက်များကို လူတိုင်း သုံးစွဲနိုင်ရေးအတွက် ဦးစားပေးကာ လိုက်လံ လုပ်ဆောင်နေသည့်အပေါ် မှတ်ချက်ပေးရန် အင်တာဗျူးသူက တောင်းခံရာတွင် ဂိတ်စ်က “ဦးစားပေးဖို့ လိုလို့လား။ အဲဒါဟာသပဲ” ဟု ပြောကြားခဲ့သည်။ ဘီလ်ဂိတ်စ်သည် ဇနီးဖြစ်သူနှင့်အတူ ဖောင်ဒေးရှင်းတစ်ခု ထူထောင်ပြီး ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများသို့ ကာကွယ်ဆေးများ ဖြန့်ဖြူးသည့် လုပ်ငန်းများကို လုပ်ဆောင် ပေးခဲ့သည်။ ဘီလ်ဂိတ်စ်သည် ဇနီးဖြစ်သူနှင့်အတူ ဖောင်ဒေးရှင်းတစ်ခု ထူထောင်ပြီး ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများသို့ ကာကွယ်ဆေးများ ဖြန့်ဖြူးသည့် လုပ်ငန်းများကို လုပ်ဆောင် ပေးခဲ့သည်။ သူတို့ဇနီးမောင်နှံသည် AIDS နှင့် ငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် ဒေါ်လာဘီလီယံနှင့် ချီပြီး လှူဒါန်းခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...