Sunday, October 6, 2013

ကလေးမြို့ရှိ ရေဘေးသင့် ပြည်သူများအား နေရပ်များသို့ ကူညီရွှေ့ပြောင်းပေး

 ကလေးမြို့ရှိ ရေဘေးသင့် ပြည်သူများအား နေရပ်များသို့ ကူညီရွှေ့ပြောင်းပေး

နေပြည်တော် အောက်တိုဘာ ၅

ကလေးမြို့နယ်အတွင်း စက်တင်ဘာလတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီရေဘေး ကယ်ဆယ်ရေး စခန်းများဖြစ်သော အောင်မင်္ဂလာဇာတ်ရုံ၊ အမှတ်(၁၅)အခြေခံပညာ မူလတန်းကျောင်းနှင့် စကားလှဘုန်းကြီး ကျောင်းများ၌ ယာယီ ရွှေ့ပြောင်းထားသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၆၃၄ စု၊ လူဦးရေ ၂၁၆၂ ဦးအား မြစ်ရေများ ပြန်လည် ကျဆင်းသွားပြီ ဖြစ်သဖြင့် ယနေ့တွင် ၎င်းတို့၏ နေရပ်အသီးသီးသို့ တပ်မတော်သားများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...