Sunday, October 6, 2013

ကာကွယ်ရေး ၀န်ကြီးဌာနလည်း အွန်လိုင်းပေါ် ရောက်လာပြီ

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်လာရာမှာ ၀န်ကြီးဌာန တွေရဲ့ အင်တာနက်စာမျက်နှာတွေ ဖွင့်လှစ်လာတာလည်း တခုအပါအ၀င် ဖြစ်ပါတယ်။ 


အခု နောက်ဆုံး ကာကွယ်ရေး ၀န်ကြီးဌာနက အင်တာနက် စာမျက်နှာနဲ့ ဖေ့စ်ဘုတ် လူမှု ကွန်ရက် စာမျက်နှာ ကို အောက်တိုဘာလ ၁ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါပြီ။ 

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာဖြစ်ပါတယ်။ 

ကာကွယ်ရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာ ( Ministry of Defense ) လိပ်စာကတော့ www.mod.gov.mm ဖြစ်ပြီး အင်္ဂလိပ် ဘာသာနဲ့ ရေးသားတင်ပြထားပါတယ်။ 

ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဖေ့စ်ဘုတ် ကို  ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  လိပ်စာကတော့ www.facebook.com/modofmm ဖြစ်ပါတယ်။  

ကာကွယ် ရေး ၀န်ကြီးဌာနကရဲ့ လှုပ်ရှားမှု ဓာတ်ပုံ တွေနဲ့ အတူ မြန်မာဘာသာနဲ့ ရေးသား တင်ပြထား ပါတယ်။ ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ Like လုပ်ထားသူပေါင်း တစ်သောင်းကျော် ရှိနေပါပြီ။ 

 အိမ့်သံစဉ် ~

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...