Sunday, October 6, 2013

ဓာတ်ပေါင်းဖိုလည်ပတ်မှု သုံးရက်ရပ်ဆိုင်းခဲ့ရသည့် နျူကလီးယားစွမ်းအင် စက်ရုံ




Sunday 6th October 2013

ဆွီဒင်နိုင်ငံမှာရှိတဲ့ နျူကလီးယားစက်ရုံတစ်ရုံက ဓာတ်ပေါင်းဖိုတစ်ခုဟာ တနင်္ဂနွေနေ့က စတင်ပြီး ဂျယ်လီငါးများကြောင့် လည်ပတ်မှုသုံးရက်တာ

ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ တာဘိုင်တွေဆီကို ရေအေးသယ်ဆောင်တဲ့ ပိုက်လိုင်းတွေမှာ ပိတ်ဆို့နေတဲ့ ဂျယ်လီငါးအမြောက် အများကို ဖယ်ရှားဖို့အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကတော့ ဆွီဒင်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဘဲ့လ်တစ်ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့ အော့စကာရှမ်း နျူကလီးယားစွမ်းအင်စက်ရုံမှာ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီနေရာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မျောလှေတွေတိုးပွားလာတဲ့အတွက် ဂျယ်လီငါးတွေလည်း အဆမတန်တိုးပွားလာပြီး ယခုလို ဖြစ်ပွားခဲ့တာဖြစ်ကာ ဒီဖြစ်ရပ်မျိုးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဗြိတိန်နဲ့ဂျပန်ကစက်ရုံတွေမှာလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ယခုဖြစ်ပွားတဲ့ နျူကလီးယားစွမ်းအင်စက်ရုံဟာ ဆွီဒင်နိုင်ငံမှာ အကြီးဆုံးစက်ရုံဖြစ်ပြီး စွမ်းအင် ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ စက်ရုံဖြစ်ကြောင်းလည်း သိရပါတယ်။

Mrtv-4

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...