Sunday, October 6, 2013

အိမ်ရှင်နိုင်ငံပြန်လည်ရွေးချယ်ဖွယ်ရှိနေသည့် ၂၀၂၂ ကမ္ဘာ့ဖလား




Sunday 6th October 2013

၂၀၂၂ ခုနှစ်၊ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး အိမ်ရှင် နိုင်ငံပြန်လည်ရွေးချယ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့်နေရာနဲ့ပတ်သက်ပြီး ဖီဖာဥက္ကဋ္ဌ ဘလတ္တာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ၊ မြောက်အိုင်ယာလန်အားကစားဒါရိုက်တာ အဖွဲ့ဝင်ဖြစ်တဲ့ ဂျင်မ်ဘွုက်စ် တို့နဲ့ အခြားသော အဖွဲ့ဝင်များဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ အစည်းအဝေးပွဲ ပြန်လည်ကျင်းပ မှာဖြစ်ပါတယ်။

အစောပိုင်းကာလက ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံရဲ့ ပူပြင်းလှတဲ့ နွေရာသီကြောင့် ဆောင်းရာသီမှာ ကျင်းပဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားကို ဆောင်းရာသီမှာ ကျင်းပမယ်ဆိုပါက ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဘောလုံးပွဲများရဲ့ စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ က ဝေဖန်ထားပါတယ်။ နောက်ဆက်တွဲ သတင်းများအရ ၂၀၁၅ ခုနှစ်မှာ ပြန်လည်ရွေးချယ်မယ့် ဖီဖာဥက္ကဋ္ဌ ရာထူးနေရာကို ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ က ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...