Friday, January 3, 2014

ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် တခြား နိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်မည်


မြန်မာနိုင်ငံအတွင်းမှ ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် တခြားနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်းကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုနိုင်ရန်အတွက် လက်ရှိအချိန်တွင် သယ်ဆောင်အသုံး ပြုခွင့်ရှိမည့် နိုင်ငံများအတွက် စက်မှုပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းက မိုဘိုင်းဖုန်းတွေကလဲ တခြားနိုင်ငံတွေကို ရောက်ရှိနေချိန်မှာ ကိုယ့်ဖုန်းနဲ့ကိုယ် အသုံးပြုနိုင်တော့မှာပါ။ အသုံးပြုလို့ရမယ့် နိုင်ငံတွေကတော့ အာဆီယံနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေပါ ပါဝင်မှာပါ။ အဲဒီအတွက် စမ်းသပ်မှုတွေ လုပ်နေတယ်။ လာမယ့် နှစ်ဆန်းလောက်မှာ စသုံးနိုင်မယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိ အော်ပရေတာ ၆၄ ဦး၏ ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများသည် အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အစရှိသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ အသုံးပြုနိုင်ရန်အတွက် ပြင်သစ်နိုင်ငံ Orange ကုမ္ပဏီနှင့် International Roaming Services Agreement တို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် International Roaming Service အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည့် ကာလဖြစ်ပြီး ပြည်တွင်း၌ အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် တယ်လီနော(မြန်မာ)နှင့် အော်ရီဒူး(မြန်မာ)တို့သည် ယင်းတို့၏ အော်ပရေတာမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သုံးစွဲမည့်သူများသို့ အသိပေး ကြေညာထားကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...