Friday, September 13, 2013

ယောနှင့် ကျောချောင်းတို့တွင် တောင်ကျရေ ကျဆင်းလာ၍ ယာဉ်အစီး ရာနှင့်ချီ၍ သုံးရက်ကြာ ညအိပ်စောင့်ဆိုင်းနေ


Friday, September 13, 2013

ပခုက္ကူနှင့် ပေါက်၊ ယောဒေသ၊ ချင်းပြည်နယ်သို့သွားသော ခရီးသည်နှင့် ကုန်တင်ယာဉ် အစီး ၁၀၀ ခန့်မှာ ပခုက္ကူနှင့် ပေါက်မြို့နယ်၏ ကြားရှိ
ယောချောင်းနှင့် ကျောချောင်း တို့တွင် တောင်ကျရေများ ကျဆင်းလာ၍
ဖြတ်ကူးနိုင်ခြင်း မရှိသည့်အတွက် ညအိပ်စောင့်ဆိုင်း နေရကြောင်း သိရသည်။

ပခုက္ကူနှင့် ပေါက်မြို့ကြားဆက်သွယ်ထားသည့် မော်တော်ကားလမ်းသည်
ပေ ၂၀ မှ ပေ ၁၀၀၀ ကျော် ကျယ်ဝန်းသော သဲချောင်း ၃၀ ၀န်းကျင်ကို
ဖြတ်သန်းရပြီး ထိုသဲချောင်း များအတွင်း တောင်ကျရေ ကျဆင်းလာပါက သွားရေးလာရေး ခက်ခဲကြောင်း သိရသည်။

တောင်ကျရေ စီးဆင်းမှု များပြားလာသည့်အတွက် မော်တော်ယာဉ်
များစောင့်ဆိုင်း နေရသည်မှာ သုံးရက်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ တောင်
ကျရေမှာ ဆက်လက် စီးဆင်းနေသည့် အတွက် ယာဉ်များဖြတ်ကူးနိုင်ခြင်း မရှိသေးကြောင်းနှင့် ခရီးသည်များမှာ ချောင်းရေနည်းပါးချိန်တွင်
လှေများဖြင့် ဖြတ်ကူးနေရကြောင်း မော်တော်ယာဉ်မောင်းများနှင့် ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

''အရင်နှစ်ရက်လောက် ကတည်းက ချောင်းရေကျလို့ ကားတွေက ကူးမရဘူး။ စက်တင်ဘာ ၁၁ ရက်ကလည်း ချောင်းရေက များနေသေးလို့ မကူးနိုင်သေးဘူး။ ကျွန်တော်တို့က ယောချောင်းနဲ့ ကျောချောင်းကြား
ရောက်နေတော့ ပြန်လှည့်မရလို့ စောင့်နေရတာ'' ဟု ယောထိပ်တန်း ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ကိုကျော်ဟိန်းက ပြောကြားသည်။

''ကျောချောင်းရေများရင် ကျွန်တော်တို့ လှေသမားတွေကလည်း ကူးမပေးရဲတော့ ခရီးသည်တွေလည်း ညအိပ်စောင့်ရတယ်။ စက်တင်ဘာ ၁၁ ရက်က တောင်ရေ နည်းသွားလို့ လှေပြန်ချပြီး ကူးပေးနိုင်တာ။ ပုံတောင်ပုံညာဘက် မိုးရွာရင် ချောင်းရေက များဦးမှာပဲ'' ဟု ကျောချောင်း
အတွင်း လှေဖြင့် ခရီးသည် ပို့ဆောင်ရေး လုပ်ကိုင်နေသူ ဦးချစ်ငွေက
ပြောကြားသည်။

ပခုက္ကူမှ ပေါက်မြို့၊ ယောဒေသ၊ ချင်းပြည်နယ်တို့သို့ သွားရာလမ်းတွင် ယခင်က ကျောချောင်း ယောချောင်း အတွင်းရှိ ရေပြာတံတားနှင့် အုန်းတောတံတားတို့မှ သွားလာကြပြီး ၂၀၁၁ အောက်တိုဘာလတွင်း
ဖြစ်ပေါ်ခဲ့သော မကွေးတိုင်း ဒေသကြီးအတွင်း ချောင်းရေကြီးမှုတွင် အဆိုပါတံတား နှစ်စင်းလုံး မျောပါပျက်စီးခဲ့ကြောင်း သိရသည်။

eleven media group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...