Friday, September 13, 2013

ဒုဋ္ဌ၀တီမြစ်ရေ စိုးရိမ်ရေမှတ် အထက်သုံးပေခန့် ရောက်ရှိနေပြီး စဥ့်ကိုင်နှင့် အမရပူရရှိ ကျေးရွာ ၁၀ ရွာခန့် ရေနစ်မြုပ်



Friday, September 13, 2013

ဒုဋ္ဌ၀တီမြစ် ရေချိန်သည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် အထက် သုံးပေခန့်တွင် ရောက်ရှိနေပြီး မြစ်ရိုးတစ်လျှောက်ရှိ စဥ့်ကိုင်မြို့နယ်နှင့် အမရပူရ မြို့နယ်အတွင်း ကျေးရွာအများအပြား ရေနစ်မြုပ်လျက် ရှိကြောင်း သိရသည်။

ဒုဋ္ဌ၀တီ မြစ်ရိုးတစ်လျှောက် စဥ့်ကိုင်မြို့နယ်၊ အမရပူရ မြို့နယ်တို့ရှိ
ညောင်နီပင်၊ ညောင်ပင်စောက်၊ အင်းကလေးခြံ၊ အင်းနား၊ မြစ်ငယ်သံတား
ရွာသစ်၊ ဥယျာဉ်တော်၊ မြောက်ကိုင်း၊ ယက္ကန်းတော်၊ ကမ္ဘဲ့၊ ရေကြည်ပေါက်နှင့်
စားတော်စသည့် ကျေးရွာစဉ် တစ်လျှောက်တို့၌ စက်တင်ဘာ ၉ ရက်မှ စတင်ကာ ရေ၀င်နစ်မြုပ်ခဲ့ပြီး လူနေအိမ်အချို့ ရေလွတ်ရာသို့ ပြောင်းရွှေ
့နေထိုင်လျက်ရှိသည်ဟု သိရသည်။ ဒုဋ္ဌ၀တီမြစ်ရေသည် စက်တင်ဘာ ၉ ရက် ညနေပိုင်း တိုင်းထွာချက်အရ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၈၇၀ အထက်သို့ ကျော်လွန်ရောက်ရှိခဲ့ပြီး မြစ်ရေချိန် ၈၉၁ စင်တီမီတာ ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် ၉၅၄ စင်တီမီတာအထိ ရောက်ရှိ
ခဲ့ကာ စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်နေခြင်း ဖြစ်သည်။

''၂၀၀၄ ခုနှစ် နောက်ပိုင်း ရွာထဲကို ရေမ၀င်တော့တာ ရှစ်နှစ်ရှိပြီ။ ခုဝင်တဲ့ရေက အဲဒီလောက် မရှိပါဘူး။ ဒါပေမဲ့ စားသောက် နေထိုင်ရတာ ကသီတာပေါ့။ အခုရေက သုံးရက်အတွင်းမှာ ခြောက်ပေလောက် တက်လာတာမို့ ကုန်းမြင့် အပိုင်းတွေမှာ ဒူးသာသာ ပေါင်ရင်းလောက်ရှိပြီး အနိမ့်ပိုင်းကျတဲ့ နေရာတွေမှာ လူတစ်ရပ်မြုပ်တယ်'' ဟု ကမ္ဘဲ့ကျေးရွာမှ ဦးညိုက ပြောကြားသည်။

''၂၀၀၆ ခုနှစ်က မြစ်ရေအမြင့်ဆုံးစံချိန် ၁၀၄၈ စင်တီမီတာအထိ ရှိခဲ့တယ်။ မနှစ်ကတော့ စိုးရိမ်ရေမှတ် မရောက်ခဲ့သလို ဒီနှစ်နွေမှာလည်း မြစ်ရေက အနိမ့်ဆုံး ၅၀ စင်တီမီတာအထိ ရောက်ခဲ့တယ်။ ခုချိန်မှာ စိုးရိမ်ချိန်မှတ် ကျော်
လွန်နေပြီမိ့ တစ်နာရီခြား တိုင်းထွာနေပြီး မြစ်ရေက ၉၅၄ စင်တီမီတာမှာ တန့်နေပါတယ်'' ဟု မြစ်ငယ်မြို့ မြစ်ရေ တိုင်းထွာရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''ဒုဋ္ဌ၀တီမြစ်ရေက သုံးရက်ဆက်တိုက်တက်ပြီး ပြန်ဆုတ်တဲ့ အချိန်မှာ ဧရာဝတီ မြစ်ရေက တောင့်ခံနေတော့ ထွက်ပေါက် မရှိဘဲ ဖြစ်နေတယ်။ ဧရာဝတီနဲ့ ဒုဋ္ဌ၀တီဆုံတဲ့ မြစ်ဝပိုင်း ကျေးရွာတွေမှာတော့ အခြေအနေက ပိုဆိုးလာနိုင်တယ်။ ဧရာဝတီကလည်း မြစ်ရေထပ်တိုး နေတာမို့ပါ'' ဟု ရေကြည်ပေါက် ကျေးရွာမှ ဦးစိုးနိုင်ဝင်းက ဆိုသည်။ ဒုဋ္ဌ၀တီ မြစ်ရေသည် တိုင်းထွာချက်များအရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ၄၈ နာရီ
အတွင်း ဆက်လက် တည်ရှိနေနိုင်ကြောင်း သိရသည်။

eleven media group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...