Friday, September 13, 2013

သရဲအခြောက်ခံချင်သည့် ဝါသနာရှိသူ ဆယ်လီနာဂိုမက်ဇ်



Disney ကြယ်ပွင့်ဟောင်း အဆိုတော် မင်းသမီးလေး၏ လူသိနည်းသော စိတ်ဝင်စားမှု တစ်ခုသည် သရဲခြောက်သည့် နေရာများ ဖြစ်နေကြောင်း ယခုအခါ သူမကိုယ်တိုင် ဖွင့်ဟခဲ့သည်။

သူမသည် သရဲခြောက်သည်ဆိုသော နေရာများကို တကူးတက သွားရောက်လိုသည့် ဝါသနာမျိုး ရှိ သူဖြစ်ကြောင်း ဆယ်လီနာ ဂိုမက်ဇ်က ပြောကြားခဲ့သည်။ Disney ကြယ်ပွင့်ဟောင်း အဆိုတော် မင်း သမီးလေး ၏ လူသိနည်းသော စိတ်ဝင်စားမှု တစ်ခုသည် သရဲခြောက်သည့် နေရာများ ဖြစ်နေကြောင်း ယခု အခါ သူမကိုယ်တိုင် ဖွင့်ဟခဲ့သည်။ ဆယ်လီနာသည် သူမရောက်ရှိဖူးသမျှ မြို့များအနက် သရဲခြောက်ကြောင်း နာမည်ကြီးသည့် နေရာများသို့ ကိုယ်တိုင် သွားရောက်ခဲ့ဖူးကြောင်း ဆိုသည်။ သို့သော် လည်း ဆေးရုံတစ်ခုသို့ ရောက်ရှိခဲ့စဉ်ကမူ ခြောက်ခြားသည့် ခံစားချက်မျိုး ဖြစ်ပေါ်ဖူးကြောင်း လည်း ဖွင့်ဟ ခဲ့သည်။ သူမက ကမ္ဘာ အရပ်ရပ်ရှိ သရဲမြူးသည်ဆိုသော နေအိမ်ကြီး တော်တော်များများထံ ရောက်ခဲ့ဖူးကြောင်းလည်း ကြွားဝါခဲ့သေးသည်။

KISS FM နှင့် အင်တာဗျူးတွင် ဆယ်လီနာက "ကျွန်မက ကြောက်ရတဲ့ အရသာကို ကြိုက်တယ်။ ခြောက်ခြားစရာ အိမ်ကြီးတွေကို ကျွန်မ ပျော်ပျော်ကြီး လျှောက်သွားဖူးတယ်။ တစ်ခါကျတော့ သရဲခြောက်တယ်ဆိုတဲ့ ဆေးရုံတစ်ခုကို ကျွန်မ ရောက်သွားတယ်။ အဲဒီမှာတော့ တစ်မျိုးကြီး ခံစားရပါတယ်။ တကယ်ဆို ကျွန်မ ယောက်ျားလေး တစ်ယောက်နှစ်ယောက် အဖော်ခေါ်သွားရမှာ။ အဲဒီမှာက မိန်းကလေး သူငယ်ချင်းတွေချည်းပဲ။ ကျွန်မတို့က သရဲခြောက်တယ်ဆိုတဲ့ အခန်းထဲ ဝင်ပြီးတော့ တိတ်တိတ်လေး နေကြတယ်။ တစ်မိနစ်လောက် ကြာတဲ့အခါ အသံတွေ ကြားလာရတာပါပဲ။ ဘာမှန်းတော့ သေချာမသိဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီဆေးရုံနဲ့ ပတ်သက်ပြီး သူတို့ပြောပြတဲ့ ပုံပြင်တွေကတော့ ကြက်သီးထစရာပါပဲ"ဟု ပြောဆိုခဲ့သည်။


အသက် (၂၁)နှစ်ရှိ ဆယ်လီနာ တစ်ဦးတည်းသာ သရဲတစ္ဆေများနှင့် ပတ်သက်ပြီး စိတ်ဝင်စားသည့် လူငယ် ဂီတကြယ်ပွင့် မဟုတ်ချေ။ သူမထက် (၁)နှစ်ငယ်သည့် မိုင်လီဆိုင်းရပ်စ်ကလည်း (၂၀၀၉)ခုနှစ်က လန်ဒန်ရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်စဉ် သရဲတစ်ကောင်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံဖူးကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ မိုင်လီက "တကယ့် ကြောက်စရာကြီးပါ။ ကျွန်မ ရေချိုးနေတုန်း ကောင်လေးတစ်ယောက်က ထိုင်ပြီး ကြည့်နေတယ်လို့ အတွေးမျိုး ခံစားလာမိတယ်။ ကျွန်မ အရမ်းပဲ တုန်လှုပ်ခဲ့မိတယ်။ နောက်တစ်ညကျတော့ အဲဒီနေရာမှာ တစ်ခုခု ထပ်တွေ့မလားလို့ သွားထိုင်စောင့်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ရူးနေသလားလို့လည်း တွေးမိတယ်။ ဒါပေမဲ့ ကျွန်မ ကျိန်ပြောရဲပါတယ်။ အဲဒီနေရာမှာ ကောင်လေးတစ်ယောက် ရှိနေခဲ့တယ်"ဟုလည်း ဆိုသည်။ သူမက "နောက်တော့ ကျွန်မ အိမ်ပြောင်းခဲ့တယ်။ ဒါက ညာတာမဟုတ်ဘူး။ နောက်ဘယ်တော့မှ အဲဒီနေရာကို ကျွန်မ ထပ်မသွားတော့ပါဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။ ယခင်က ဒယ်မီလိုဗာတို၊ မက်သရူး မက်ကွန်နော့ဟေးနှင့် ရိုင်ယန် ဂေါ့ဆလင်တို့သည်လည်း ပရလောကနှင့် ထိတွေ့ဖူးသည့် အတွေ့အကြုံများ ရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြဖူးသည်။

Planet Myamar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...