Thursday, February 13, 2014

သက်တမ်းအရင့်ဆုံး ရှေးဟောင်းကြယ် သြစတြေးလျ သိပံ္ပပညာရှင်များတွေ့ရှိ




The star discovered with the SkyMapper telescope at the Siding Spring observatory near Coonabarabran. Photograph: Space Telescope Science Institute/AAP


ဖြစ်တည်မှု သက်တမ်းနှစ်ပေါင်း ၁၃ ဒသမ ၆ ဘီလီယံရှိပြီဖြစ်သည့် ကြယ်ဂြိုဟ်ကြီး တစ်စင်းကို သြစတြေးလျသိပံ္ပပညာရှင်များက ရှာဖွေတွေ့ရှိထားရာ လက်ရှိအချိန်ထိ ထောက်လှမ်းတွေ့ရှိပြီးသမျှ
ရှေးဟောင်းကြယ်ဂြိုဟ်ကြီးများ အနက်သက်တမ်းအရင့်ဆုံးကြယ်
ဂြိုဟ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက် သတင်းများတွင်ဖော်ပြသည်။

စကြ၀ဠာကြီးကို စတင်ဖန်တီးပေးခဲ့သော မဟာပေါက်ကွဲမှုဖြစ်စဉ်
(Big Bang)ပေါ်ပေါက်ပြီးနောက် ပိုင်းနှစ် သန်းပေါင်းများစွာအကြာတွင် ယင်းကြယ် ဂြိုဟ်ကြီးစတင်ဖြစ်တည်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ
သိပံ္ပပညာရှင်များက ယုံကြည်ထားသည်။

သြစတြေးလျသိပံ္ပပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သော သက်တမ်းအရင့်ဆုံး ကြယ်ဂြိုဟ်ကြီးသည်နေစကြ၀ဠာ အဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်း ကြယ်စုအတွင်းမှာပင်တည်ရှိပြီး ကမ္ဘာမြေနှင့် အလင်းနှစ် ၆၀၀၀
ကွာဝေးကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ကြယ်ဂြိုဟ်ကြီးသည် စကြ၀ဠာ၏အတိုင်းအဆအရ
ကမ္ဘာမြေနှင့်အတော်အသင့်နီးသည့် အကွာအဝေးတွင်ရှိနေကြောင်း သြစတြေးလျအမျိုးသား တက္ကသိုလ်မှ နက္ခတ္တဗေဒသိပံ္ပပညာရှင်တစ်ဦးက ပြောကြားသည်။

၂၀၀၇ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များ အတွင်း ဥရောပနှင့် အမေရိကန်
နက္ခတ္တဗေဒသိပံ္ပပညာရှင်များ သီးခြားစီ ရှာဖွေ တွေ့ရှိခဲ့သော
ရှေးဟောင်းကြယ်ကြီးနှစ်စင်းမှာသက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃ ဒသမ
၂ သန်းဝန်းကျင်တွင်ရှိရာ ဖြစ်တည်မှု သက်တမ်းအရင့်ဆုံးကြယ်ဂြိုဟ်ကြီး
များအဖြစ် စာရင်းပေါက်ခဲ့ဖူးသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...