Friday, February 28, 2014

တူရကီတွင် ဗလီဆရာနှစ်ဦးမှ ၎င်းတို့၏ နှမအရင်းခေါက်ခေါက်အား မုဒိမ်းကျင့်



တူရကီအရှေ့ပိုင်း၊ ကားစ်စီးတီး အနီးရှိ ရွာတစ်ရွာမှ ဗလီဆရာညီအစ်ကိုနှစ်ယောက်သည် ၎င်းတို့၏ နှမအရင်းခေါက်ခေါက်ဖြစ်သူကို အကွက်ချ၍ အစီအစဉ်တကျ မုဒိမ်းကျင့်ခဲ့ကြပြီး နှမလေးဖြစ်သူ ကိုယ်ဝန်ရှိလာစဉ်တွင်လည်း အစ်ကိုကြီးဖြစ်သူမှ ၎င်းကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့မှုများကြောင့် တူရကီရဲမှ ၎င်းဗလီဆရာနှစ်ယောက်ကို ဖမ်းဆီးလိုက်သည်။

ယာကူတီယေရွာလေးမှ အသက် ၂၁ နှစ်အရွယ် HB က သူမအား အစ်ကိုဖြစ်သူ MB မှ ပြီးခဲ့သည့် သောကြာနေ့က မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့ပြင် သူမ၏ အစ်ကိုတစ်ဦးဖြစ်သူ AB မှလည်း ၎င်းနှင့်အတူ နေထိုင်စဉ်အတွင်း အကွက်ကျကျစီစဉ်ကာ သူမကို မုဒိမ်းကျင့်ခဲ့ကြောင်း ရဲအား တိုင်ကြားခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ်က အမေဖြစ်သူ နှင့် ပြီးခဲ့သည့်နှစ်က အဖေဖြစ်သူ ဆုံးပါးသွားခဲ့၍ အစ်ကိုများနှင့် ကျန်ရစ်ခဲ့သော မိန်းမပျိုက ထိုသို့ညိစွန်းခဲ့မှုများကြောင့် သူမသည် သူမ၏ အစ်ကိုနှစ်ဦးအနက်မှ တစ်ဦးဦးနှင့် ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ သို့သော် သူမ၏ အစ်ကိုနှစ်ဦးမှာ ဗလီဆရာများ ဖြစ်ကြပြီး ရပ်ရွာဘာသာရေးကိစ္စများတွင် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်သဖြင့် ၎င်းတို့၏ စကားကို မပယ်ရှားဝံ့ပဲ ကိုယ်ဝန်အား ဖျက်ချခဲ့ရကြောင်းတို့ကိုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရပြီးသည့်နောက် အစ်ကိုတစ်ဦးဖြစ်သူ AB က ၎င်းအမှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထိုသို့ကျူးလွန်ရခြင်းမှာ ၎င်းရပ်တည်နေသော အနေအထား၏ ဖိအားကို မတွန်းလှန်နိုင် ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြားအစ်ကိုတစ်ဦးဖြစ်သူ MB မှ ၎င်းမှ ယင်းပြစ်မှုကျူးလွန်ခဲ့သည့်အတွက် နှမဖြစ်သူကို ငွေကြေးတစ်စုံတစ်ရာ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗလီဆရာ နှစ်ယောက်ကို လက်ရှိအချိန်၌ ထိန်းသိမ်းထားသည်။

2 comments:

  1. can i get the source of this news which you have taken?

    ReplyDelete
  2. the picture and news is not matched. The picture was about European FEMEN activists. Nothing related with the news.

    ReplyDelete

Related Posts Plugin for WordPress, Blogger...