Wednesday, October 30, 2013

ရုရှားနိုင်ငံက SUKHOI T-50 ဂျက်တိုက် လေယာဉ်သစ်ကို အောင်မြင်စွာ စမ်းသပ်

Wednesday, 30 October 2013



ရုရှားနိုင်ငံထုတ် Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို နိုင်ငံ့အရှေ့ဘက်စွန်း Komsomolsk-on-Amur မြို့ရှိ Gagarin လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပြီး


ပထမဆုံး အကြိမ်အဖြစ်မိနစ် ၅ဝ ကြာ စမ်းသပ်ပျံသန်းခဲ့ကြောင်း Sukhoi လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ပျံသန်းမှုတွင် အင်ဂျင်၏ လုပ်ဆောင်မှုနှင့် ဝေဟင်၌ လေယာဉ်၏ တည်ငြိမ်မှုတို့ အပါအဝင် ၎င်းလေယာဉ်၏ လုပ်ဆောင်ချက် အားလုံးကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ပျံသန်းမှု အစီအစဉ်တွင် ပါရှိသည့် အဆင့်အားလုံးတွင် ကောင်းမွန်စွာ လုပ်ဆောင် ခဲ့ကြောင်းနှင့် လေယာဉ်တွင် တပ်ဆင်ထားသည့် ပစ္စည်း ကိရိယာနှင့်စနစ် များအားလုံးသည် ယုံကြည် စိတ်ချရကြောင်းကို လေယာဉ်မှူးက အတည်ပြုခဲ့ကြောင်း သိရ သည်။

ရုရှားနိုင်ငံ၏ အနာဂတ် တိုက်လေယာဉ်များအတွက် အရေးပါလာမည့် T-50 ဂျက်တိုက် လေယာဉ်သည် ကိုယ်ပျောက်နှင့် နာနိုနည်းပညာ မြင့်မားသည့် စစ်ကစားမှု၊ အသံ ထက်မြန်စွာ ပျံသန်းနိုင်မှုနှင့် X-band ရေဒါပါဝင်သည့် ခေတ်မီ အီလက်ထရွန်နစ် စနစ်များကို ထည့်သွင်းထားသည့် ပဉ္စမမျိုးဆက်ဘက်စုံသုံး ဂျက်တိုက်လေယာဉ် တစ်စင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...