Wednesday, October 2, 2013

“ကောင်းတဲ့နေရာမှာပဲသုံးလိုက်ပါ” ကိုယ့်ရဲ့အင်အားနဲ့ ကိုယ့်ရဲ့အချိန်ကို ကောင်းတဲ့နေရာမှာ သုံးပါ။ ဒီလိုမဟုတ်ဘဲ ကိုယ်ကကောင်းတယ်၊ သူမကောင်းဘူးဆိုတာကို ပြောဖို့ပဲ အချိန်တွေအများကြီး ပေးနေမယ်ဆိုရင် ကိုယ့်ဘဝ တိုးတက်လာမှာ မဟုတ်ဘူးနော်။ (ဆရာတော်ဦးဇောတိက) (ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း စာအုပ်မှ)

 
 
ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားရှိ ကလေးငယ် (၃)ပုံ (၂)ပုံကျော်သည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိနေပြီဟု စစ်တမ်းများက ဆိုသည်။

ဖွံ့ဖြိုးပြီး နိုင်ငံအချို့ရှိ ကလေးငယ်များသည် ဆေးလိပ်၊ စီးကရက်တို့နှင့် နီးစပ်လွန်းနေခြင်းကို ကျန်းမာရေးဆိုင်ရာ သုတေသီများက အလေးအနက် စိုးရိမ်နေကြောင်း သိရှိရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားရှိ ကလေးငယ် (၃)ပုံ (၂)ပုံကျော်သည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိနေပြီဟု စစ်တမ်းများက ဆိုသည်။ အမေရိကန်တွင် ပြုလုပ်ခဲ့သည့် ယခုစစ်တမ်းက စီးကရက် အမှတ်တံဆိပ်များ၏ ထိုးဖောက်မှုသည် အသက်(၅)နှစ်နှင့် (၆)နှစ်အရွယ် ကလေးငယ်များ၏ အသိထဲထိ စွဲမြဲဝင်ရောက်နေကြောင်း ဖော်ထုတ် သိရှိလာစေခဲ့သည်။ မေရီလန်း တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ သုတေသီများနှင့် ဂျွန်ဟော့ကင်း ဘလွမ်းဘက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ သုတေသီများ ပူးပေါင်းကာ ယခုလေ့လာမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှားတို့ အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် ပြုလုပ်သော လေ့လာမှုများအရ အလွန်ငယ်ရွယ်သေးသည့် ကလေးများသည် စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိ မှတ်သားထားနေပြီဟု သိရှိရသည်။ တရုတ်နိုင်ငံတွင် (၇၁)ရာခိုင်နှုန်းမျှသော နေအိမ်များတွင် စီးကရက်သောက်သူ အနည်းဆုံး တစ်ဦးမျှ ရှိနေပြီး ကလေးအားလုံး၏ (၈၆)ရာခိုင်နှုန်းက စီးကရက် အမှတ်တံဆိပ် တစ်ခုခုကို နားလည်နေပြီဟု Pediatrics ဂျာနယ်တွင် စစ်တမ်းရလဒ်ကို ကိုးကား ရေးသားထားသည်။ ရုရှားကမူ ပျမ်းမျှအားဖြင့် ကလေးငယ်များနှင့် စီးကရက်တို့ အကျွမ်းဝင်မှု အနည်းဆုံးဖြစ်ပြီး (၅၀)ရာခိုင်နှုန်းအောက်မျှ ကလေးငယ် အရေအတွက်ကသာ ဆေးလိပ်နှင့် စီးကရက် အမှတ်တံဆိပ် တစ်ခုကို အမျိုးအစား ခွဲခြားသိရှိနိုင်သည်။

မေရီလန်း တက္ကသိုလ်မှ သုတေသီ ဒိုင်နာ ဘော်ဇီကိုစကီးက "ကျွန်မတို့အတွက် အံ့ဩစရာ အခြေအနေ တစ်ခုပါ။ အရမ်းငယ်ရွယ်သေးပြီး အသက်(၅)နှစ်၊ (၆)နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးတွေကအစ စီးကရက် အမှတ်တံဆိပ်တွေကို တရင်းတနှီး သိကျွမ်းနေကြပါပြီ"ဟု ပြောဆိုခဲ့သည်။ သူမက ဆက်လက်၍ "ကျွန်မတို့ နားလည်ထားတဲ့ တစ်ချက်က ဆေးလိပ်တွေ၊ စီးကရက်တွေနဲ့ နီးစပ်လွန်းတဲ့ ကလေးတွေရဲ့ စိတ်မှာ ဆေးလိပ်သောက်တာကို ပိုပြီး အကောင်းမြင်စိတ် ဖြစ်သွားတတ်တယ်။ ဒါကြောင့် အရွယ်ရောက်လာရင် ဆေးလိပ်စွဲဖို့ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဒီအခြေအနေကို တားမြစ်ဖို့ ပိုကောင်းမွန်တဲ့ ဥပဒေ သတ်မှတ်ချက်မျိုး ထုတ်ပြန်သွားဖို့ လိုအပ်နေပါပြီ"ဟုလည်း မှတ်ချက်ပြုသွားသည်။ 

Planet 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...