Wednesday, October 2, 2013

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ သင်တန်းဆင်း(Dip in D.T) သွားတု ကျွမ်းကျင် ဒီပလိုမာ ရရှိပြီးသူများကို ကျွမ်းကျင် ဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူ






သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မှ သင်တန်းဆင်း (Dip in D.T) သွားတု ကျွမ်းကျင် ဒီပလိုမာရရှိပြီး သူများကို ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဌာနများ၊ ဆေးရုံကြီးများတွင် လစ်လပ်လျက် ရှိသည့် ဆေးဘက်ကျွမ်းကျင် (၂) သွား ရာထူးနေရာများ အ တွက် ကျွမ်းကျင်ဝန်ထမ်း အဖြစ် ခန့်ထားနိုင်ရန် လျှောက်လွှာများကို ခေါ်ယူလျက် ရှိသည်ဟု သိရသည်။

လျှောက်ထားလိုသူများ အနေဖြင့် လျှောက်လွှာများကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ထုတ်ယူပြီး အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေး ဦးစီးဌာန၊ ရုံးအမှတ် (၄) နေပြည်တော်သို့ ပေးပို့ရမည်ဟု သိရသည်။

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်ထားသူများကို နိုဝင်ဘာလ ၂၆ ရက်တွင် ကျန်းမာရေးဦးစီးဌာန ရုံး ချုပ်၊ နေပြည်တော်တွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဟု သိရပြီး လူတွေ့ စစ်ဆေးခြင်း ဖြေဆိုလိုသူများ အနေဖြင့် ဒီပလိုမာ လက်မှတ်မူရင်း (သို့မဟုတ်) ဒီပလိုမာ လက်မှတ် ထောက်ခံချက်၊ သိပ္ပံဘွဲ့လက်မှတ်မူရင်း၊ အခြေခံ အထက်တန်းအောင် လက်မှတ် မူရင်း၊ သက်ဆိုင်ရာမြို့နယ်၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေ ရေးရုံးမှ အလုပ်သမားမှတ်ပုံတင်ကတ်မူရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်မူရင်းများကို ယူဆောင်လာရမည် ဖြစ် သည်။ အသေးစိတ် သိရှိလိုသူများ အနေဖြင့် ဖုန်း-၀၆၇-၄၁၁၁၄၂ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။

ကိုဟိန်း-


internetjournal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...