Wednesday, October 2, 2013

ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ အခွန်ထမ်း စာရင်းတွင် ပါဝင်၊ အာဆီယံ နိုင်ငံများအတွင်း ဂျီဒီပီတွင် အခွန်ရရှိမှု အချိုးအနိမ့်ဆုံး နိုင်ငံဖြစ်ပြီး ကြီးမားစွာ အခွန်ရှောင်နေ မှုများအပေါ် ဖော်ထုတ်အခွန်ဆောင်စေခြင်း မပြုနိုင်သေး

 Created on Wednesday, 02 October 2013

ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု (ဓာတ်ပုံ - အောင်ကျော်ထက်)

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ ထိပ်ဆုံးအခွန်ထမ်း ၅၀၀ စာရင်းတွင် ပါဝင်ပြီး အခွန်ပေးဆောင်ထိုက်သည့် နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများမှာ အခွန်ထမ်းစာရင်းတွင် ပါဝင်လာမှု မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဆောက်လုပ်ရေး ကဏ္ဍမှာ လက်ရှိမြန်မာနိုင်ငံ၏ မိုးထိုးနေသည့် မြေဈေးနှုန်းအရ များစွာအမြတ်အစွန်းကြီးသည့် လုပ်ငန်းတစ်ခုအဖြစ် ရှိနေသော်လည်း အခွန်ပေးဆောင်မှု မပြုသည့် နာမည်ကျော် ကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီများ အပေါ်၌မူ ယနေ့အထိ တိကျစွာ စိစစ်ဖော်ထုတ်ကာ လုပ်ငန်းရှုံးခြင်း မရှိဘဲ အခွန်ရှောင်ထားခြင်းများအပေါ် အခွန်ပြန်လည် ကောက်ခံခြင်း၊ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ လက်ရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၏ စာရင်းဇယားများအရ အသင်းဝင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်ရှိပြီး ကန်ထရိုက်တာ များကိုပါ ထည့်သွင်းတွက်ချက်ပါက ၁၆၀၀ အထိရှိကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တစ်ခုတည်း၌ အထပ်မြင့် အထပ်နိမ့်မျိုးစုံ တည်ဆောက်ခွင့်ရှိသည့် ကန်ထရိုက် လိုင်စင် ရယူထားသည့် အရေအတွက်မှာ ၅၀၀ ကျော်အထိ ရှိကြောင်း၊ တစ်နှစ်လျှင် ရန်ကုန်တစ်မြို့တည်း၌ အထပ်မြင့် အထပ်နိမ့်တိုက်၊ ကွန်ဒို၊ အိမ်ရာ စသည်ဖြင့် အလုံးပေါင်း ၄၀၀၀၊ ၅၀၀၀ (ပျမ်းမျှ) ကို တည်ဆောက်ရောင်းချ လျက်ရှိကြောင်း သိရသည်။ တိုက်၊ ကွန်ဒို၊ အိမ်ရာ အလုံးပေါင်း ၄၀၀၀ မှ ၅၀၀၀ တည်ဆောက်ရောင်းချလျက် ရှိသော်လည်း ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ ၃၂ ခုသာ ပါဝင်လာပြီး ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦးစာရင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ ၄ ခုသာ ပါဝင်လာခဲ့ရာ စုစုပေါင်း ၃၆ ခုသာ အခွန်စာရင်းတွင် ပါရှိသည်။

ရှေ့နေများ၊ မိတ္တူဆိုင်များ၊ သတင်းစာ ထုတ်ဝေခြင်း လုပ်ငန်းများ၊ ဆံသဆိုင်များ၊ ပွဲစားလုပ်ငန်းများမှ စကာ တစ်ခွက်ကျပ် ၃၀၀ ဖြင့် ရောင်းသည့် လက်ဖက်ရည်ဆိုင်များအဆုံး ၀န်ဆောင်မှု လုပ်ငန်းတိုင်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်နေရချိန်တွင် ကျပ်သိန်းပေါင်းသောင်း သိန်းချီသည့် ပမာဏများဖြင့် ဆောက်လုပ်ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းမှာလည်း . . . . .


စာရင်းချုပ်လျှင် မြန်မာနိုင်ငံတွင်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ကန်ထရိုက်တာများ စုစုပေါင်း၏ ၃ ရာခိုင်နှုန်းကျော်ပင် အခွန်ထမ်းဆောင်ထားသည့် အခြေအနေ ဖြစ်နေသည်။ ၀င်ငွေခွန်ထိပ်ဆုံး ၁၀၀ ဦး စာရင်း၌ Max Myanmar, Htoo construction, A1, Ayer Shwe Wah, T.Z.T.M, Original Group, Kyaw Thar, Asia Metal, Mother Construction, Aung Chan Thar ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး ၁၀၀ စာရင်းတွင် Asia Concret Products ကုမ္ပဏီ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ ဘားအံမြို့မှ Grand Hill ဆောက်လုပ်ရေး ကုမ္ပဏီသည်ပင် ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ စာရင်းတွင် အဆင့် ၁၃၅ နေရာမှ ပေးဆောင်ထားသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး အမြင့်ဆုံးနှင့် ရောင်းဝယ်မှု အကောင်းဆုံး ရန်ကုန်မြို့ရှိ နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီ အချို့ဖြစ်သည့် Shine, Naing Group, Father Land, Mother Land, Taw Win Family ကုမ္ပဏီ အမည်များအပြင် အခြားသော ဆောက်လုပ်ရေး ကုမ္ပဏီကြီး အချို့မှာ ၅၀၀ ဦးစာရင်း၌ ပါဝင်လာခြင်း မရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ဆောက်လုပ်ရေး ကဏ္ဍအပြင် ကဏ္ဍအလိုက် အခွန်တိမ်းရှောင် ထားမှုများ များပြားသည့်အတွက် အာဆီယံ နိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီတွင် အခွန်ရရှိမှု အချိုးအနိမ့်ဆုံး နိုင်ငံအဖြစ် ရှိနေပြီး မြန်မာနိုင်ငံ ဂျီဒီပီ၌ အခွန်ရရှိမှု အချိုးမှာ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းကြားသာ ရှိသည်အထိ နည်းပါးနေခြင်းလည်း ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံများသည် ပြည်သူအတွက် ဘတ်ဂျက်ခွဲဝေရာတွင် အခွန်ရရှိမှုအပေါ် မူတည်၍သာ အဓိကအားထား လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ အခွန်တိမ်းရှောင်မှု မြင့်မားခြင်း၊ အခွန်တိမ်းရှောင်မှုများကို တိကျစွာ စစ်ဆေးဖော်ထုတ် အခွန်ထမ်းခိုင်းခြင်းများ မပြုလုပ်နိုင်လျှင် နိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမှာလည်း ထိရောက်ခြင်း ရှိမည်မဟုတ်ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြခဲ့ကြပြီး ဖြစ်သည်။

ကျပ်ဘီလျံပေါင်း များစွာ အခွန်တိမ်းရှောင် ထားမှုများ အမှန်တကယ် ရှိသည်ဆိုသည်ကိုလည်း လွှတ်တော်မှ အချက်အလက်များဖြင့် ထောက်ပြထားပြီး စိစစ်နိုင်ရန် အတွက်လည်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ဘုတ်အဖွဲ့မှလည်း လုပ်ငန်းအရှုံးပြ အခွန်တိမ်းရှောင် ထားမှုများကို ဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူမည်ဟုလည်း ထုတ်ဖော်ပြောကြား ထားသည်ဟု ပြည်တွင်းထုတ် သတင်းစာ အချို့တွင် ဖော်ပြထားပြီး ဖြစ်သည်။ ရှေ့နေများ၊ မိတ္တူဆိုင်များ၊ သတင်းစာ ထုတ်ဝေခြင်း လုပ်ငန်းများ၊ ဆံသဆိုင်များ၊ ပွဲစားလုပ်ငန်းများမှ စကာ တစ်ခွက်ကျပ် ၃၀၀ ဖြင့် ရောင်းသည့် လက်ဖက်ရည်ဆိုင်များအဆုံး ၀န်ဆောင်မှု လုပ်ငန်းတိုင်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်နေရချိန်တွင် ကျပ်သိန်းပေါင်းသောင်း သိန်းချီသည့် ပမာဏများဖြင့် ဆောက်လုပ်ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းမှာလည်း အခွန်ဥပဒေ၏ မညီမျှမှုတစ်ခု ဖြစ်သည်။ ယခု ဆောက်လုပ်ရေး ကဏ္ဍတစ်ခု တည်းမှပင် မြန်မာနိုင်ငံ အနေဖြင့် ကျပ်ဘီလျံပေါင်းများစွာ နစ်နာခဲ့ရခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့စဉ်ကလည်း ကျပ်ဘီလျံပေါင်း ၃၀၀ ကျော် ပမာဏရှိသည့် အခွန်များကို မပေးဆောင်ဘဲ ထားရှိသည့်အတွက် များစွာနစ်နာရခြင်း၊ အခြားသော ကဏ္ဍများမှ ကုမ္ပဏီပေါင်း များစွာ၏ အခွန်တိမ်းရှောင်မှုကြောင့် နစ်နာရခြင်းများကို ဖော်ထုတ်မှု မပြုနိုင်ဘဲ နှစ်စဉ်အခွန်ပုံမှန် ထမ်းဆောင်သူများ အပေါ်၌သာ အခွန်တိုးတက်ရရှိရန် ဆောင်ရွက်မှုမှာလည်း နိုင်ငံနှင့် ပုံမှန်အခွန် ထမ်းများအပေါ် ထပ်မံထိခိုက်လျက် ရှိနေကြောင်း သိရသည်။



ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်သူ ထိပ်ဆုံး ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီနှင့် အဆင့်

အဆင့် ကုမ္ပဏီအမည်
95 Aisa Concret Products Co.ltd
315 Hein Engineering Co.,Ltd
445 Htoo Construction Development Group Co.,Ltd
446 Tun Manufacturing Construciton & Industry Co.,Ltd





ဝင်ငွေခွန် အများဆုံး ပေးဆောင်သူ ထိပ်ဆုံး ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီနှင့် အဆင့်

အဆင့် ကုမ္ပဏီအမည်
7 Max(Myanmar) Construction Co.ltd
13 Htoo Construction Development Group Co.,Ltd
22 A1 Construction Co.,Ltd
32 Ayer Shwe Wah Construction Co.,Ltd
44 T.Z.T.M Construction Co.,Ltd
45 Original Group Co.,Ltd
56 Kyaw Thar Construction Co.,Ltd
66 Asia Metal Construction Co.,Ltd
73 Mother Construction Co.,Ltd
77 Aung Chan Thar Construction & Services Co.,Ltd
101 Dawn(Ah Yone Oo) Construction Co.,Ltd
109 SPA Project Management Co.,Ltd
124 Saung Hay Moon Construction Co.,Ltd
128 Sein & Thaung Family Construction Co.,Ltd
135 Grand Hill Construction Co.,Ltd
176 Same Sky Construction Co.,Ltd
187 Soil Energy Co.,Ltd
220 Myo & Myint Brothers Co.,Ltd
249 နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ(မန္တလေး)
252 Mandalay Strenth Construction Co.,Ltd
257 Three Million Construction Group Co.,Ltd
266 New Earth Win Construction Co.,Ltd
281 ဦးဝင်းဆွေ
293 Gaia Construction Co.,Ltd
315 Champion Construction Materials Co.,Ltd
356 ဦးမြင့်ဇော်
363 Myanmar Shwe Tharaphu Construction &

General Tarding Co.,Ltd(Services)
387 Royal Myint Myat Thu Group Construction Co.,Ltd
407 Joe Yadana Construction Co.,Ltd(Services)
456 Aspidin Construction & Trading co.,Ltd
461 Yadanar Shwe Sin Construction Co.,Ltd
470 ဦးမြင့်ခိုင်

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...