Wednesday, October 2, 2013

3D Printing နည်းပညာသုံးကာ သက်ရှိတစ်ရှူးအား အစားထိုးနိုင်မည့် ပုံဆောင်ခဲများအား တီထွင်နိုင်ခဲ့





ရေ နှင့် အဆီ - ဤ ဒြပ်ပစ္စည်း ၂ ခုကိုသာ အသုံးပြုပြီး အထက်တွင် မြင်နိုင်သည့် ပုံဆောင်ခဲအား Oxford တက္ကသိုလ်မှ ပညာရှင်များက ၃ ဖက်မြင် ပုံနှိပ်နည်းပညာ (3D Printing) အား အသုံးပြုပြီး အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်ဟု သိရှိရသည်။

သင့်အနေနဲ့ ရေနဲ့အဆီကို ပေါင်းထားတဲ့ ပုံဆောင်ခဲကို ထုတ်လုပ်နိုင်ရင် ဘာလုပ်လို့ ရမှာလဲလို့ မေးနိုင်ပါတယ်။ အဆိုပါ ပညာရှင်များ၏ အဆိုအရတော့ ဤ ပုံဆောင်ခဲများဟာ လူသားစင်စစ်တစ်ဦး၏ တစ်ရှူးကိုပင် အစားထိုး၍ ရနိုင်မယ်လို့ သိရှိရပါတယ်။

လတ်တလောအချိန်တွင် ဈေးကွက်အတွင်း၌ အရာဝတ္ထုများအား ၃ ဖက်မြင် အစိုင်အခဲပုံစံဖြင့် ပုံနှိပ်ထုတ်လုပ်ခြင်း (သို့) 3D Printing မှာ ခေတ်စားလာနေပြီး နည်းပညာ ကုမ္ပဏီများကလည်း 3D Printing အား ပိုမိုကောင်းမွန်အောင် ကြိုးပမ်းတီထွင် လာနေကြသည်။ သို့သော်လည်း သက်ရှိသတ္တဝါ၏ တည်ဆောက်ပုံမှာ သက်မဲ့အရာဝတ္ထုများနဲ့ လွန်စွာမှ ကွဲပြားခြားနားပြီး ဤ တီထွင်မှုမှာ သမိုင်းဝင် တည်ထွင်မှုအဖြစ် မှတ်တမ်းဝင်ဖွယ် ရှိနေသည်။

ယခုကဲ့သို့ သက်ရှိတစ်ရှူးအား 3D Printer ဖြင့်သာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ပါက ဆေးပညာလောကအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာမည်ဖြစ်ပြီး အသက်ပေါင်းများစွာအား ကယ်တင်နိုင်မည်ဖြစ်သည်။

အထက်ဖော်ပြပါ ရေ+အဆီ ပေါင်းစည်းထားသည့် ပုံဆောင်ခဲများသည် ၅၀ မိုင်ခရွန်ခန့်သာ အရွယ်အစားရှိပြီး လက်ရှိအချိန်တွင် ပုံဆောင်ခဲပေါင်း ၃၅၀၀၀ ခန့်အား စုစည်းပေါင်းစပ် ပုံဖော်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဟု သိရှိရသည်။

Oxford ပညာရှင်များက ယင်းတို့၏ အထူးဖန်တီးထားသည့် 3D Printer ကို အသုံးပြုကာ ဤပုံဆောင်ခဲ ထောင်ပေါင်းများစွာအား စုစည်းပေါင်းစပ်စေခြင်းဖြင့် ဒြပ်ဝတ္ထုပစ္စည်း အသစ်တစ်မျိုးအား ဖန်တီးနိုင်ခဲ့ပြီဟု ယုံကြည်နေကြသည်။

ငွေကြေးနှင့် အဆင့်မြင့် စက်ပစ္စည်းများသာ အထောက်အပံ့အဖြစ် ဆက်လက်ရရှိပါက Sci-Fi ရုပ်ရှင်များထဲတွင်သာ တွေ့ရှိဖူးသည့် ကိစ္စရပ်များအား ဖန်တီးနိုင်တော့မည် ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...