Wednesday, October 2, 2013

အလုပ်ထွက်ခါနီး ဘရိတ်ဒန့်ကသွားသူ






ဗီဒီယို သတင်းဌာန တစ်ခုမှာပါ။ Marina Shifrin လို့အမည်ရတဲ့ အမျိုးသမီးက ပရိုဂျူဆာ အနေနဲ့ လုပ်ကိုင် ပါတယ်။

သူဌေးက သတင်း အရေအတွက်နဲ့ Youtube မှာ လူကြည့်များတဲ့ အရေအတွက်ကို ခပ်များများရအောင် Push လုပ်ပါတယ်။ Marina ကတော့ content တစ်ခုတိုင်းရဲ့  အရည်အသွေးအတွက် ဦးစားပေးပြီးလုပ်သူပေါ့။ အရေအတွက် ထပ် အရည်သွေးကိုပဲ ပိုချပြချင်တဲ့ ဝန်ထမ်းနဲ့ အရေအတွက်ကို ပိုလိုချင်တဲ့ ဘော့စ် ထိပ်တိုက် အမြဲ တွေ့တော့ ၂ နှစ်ထပ်ပိုမခံပါဘူး။ ဒီတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က အလုပ်ထွက်လိုက်ပါတယ်။

အလုပ်ရိုးရိုးထွက်တာ မဟုတ်ပါဘူး။ အရေအတွက်ကို ဦးစားပေးတဲ့ ကုမ္မဏီမှာ ဆက် မလုပ်နိုင်တော့ကြောင်း၊ ၂ နှစ်တာ ဘဝတစ်ခုလုံး ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပေမယ့် သူအလုပ်ထွက်တော့မည်ဖြစ်ကြောင်း အစရှိသဖြင့် သူ့ရဲ့  Story ကို ၂ မိနစ်နီးပါးကြာ ဗီဒီယိုမှာ စာတန်းထိုးပြီး Kanye West ရဲ့  Gone လို့အမည်ရတဲ့ သီချင်းနဲ့ ရုံးမှာ စိတ်ကြိုက် ကသွားပါတယ်။ ရုံဆင်းခါနီး ၄ နာရီခွဲကစလို့ ဗီဒီယိုကို တစ်ဦးတည်းကိုယ်တိုင်ရိုက်၊ ကိုယ်တိုင် သရုပ်ဆောင် ကပြီး Youtube ပေါ် တင်လိုက်တာ ၂ ရက်အတွင်း ကြည့်ရှုသူ ၇ သိန်းအထပ်ကိုကျော်သွားပါတယ်။

သူ့ရဲ့  ဗီဒီယို လခ့်ကတော့ အေက်ပါအတိုင်း ဖြစ်ပါတယ်။

http://youtu.be/Ew_tdY0V4Zo

သူမဟာ ဟာသဥာဏ် ရွှင်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ရပြီး Youtube မှာ ရေပန်းစားတဲ့ Celebrity တစ်ဦး ဖြစ်လာကြောင်း သိရပါတယ်။
.
အောင်ခမ်း (TSJ Team)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...