Friday, September 20, 2013

တရုတ် လေယာဉ်တင် သင်္ဘောပေါ် တွင် တိုက် လေယာဉ်များ လေ့ကျင့်



ရှန်ယန်း J-15 ( ငါးမန်းပျံ ) တိုက်လေယာဉ်များ သည် ယခု အခါ လီအိုနင်း လေယာဉ်တင် သေ င်္ဘာ ကြီး ပေါ်တွင် အဆင်း အတက် ပြုလုပ် သည့် စစ်ဆင်ရေး မျိုး အရှိန်မြှင့် လေ့ ကျင့် နေေ ကြာ င်း သိရှိရသည်။

တရုတ်ရေတပ် သည် ၎င်းတို့ ၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီး ပေါ်တွင် တိုက် လေယာဉ် များ အဆင်း အတက် လေ့ကျင့်မှု ကို အင်တိုက် အားတိုက် စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။ ရှန် ယန်း J-15 ( ငါးမန်းပျံ ) တိုက်လေယာဉ် များ သည် ယခု အခါ လီအိုနင်း လေယာဉ်တင် သင်္ဘော ကြီး ပေါ်တွင် အဆင်းအတက် ပြုလုပ်သ ည့် စစ်ဆင်ရေးမျိုး အရှိန်မြှင့် လေ့ကျင့် နေကြောင်း သိရှိ ရသည်။ J-15 များသည် လေယာဉ် တင် သင်္ဘော ပေါ်တွင် တပ်စွဲ နေရာ ယူနိုင် အောင် ဖန်တီး ထား သည့် ဘက်စုံသုံး တိုက် လေယာဉ် များ ဖြစ်သည်။ J-15 များကို ယူကရိန်း ထံမှ တရုတ်က ဝယ်ယူ ခဲ့သော ဆူခွိုင်း Su-33 လေယာဉ် ကို ပုံစံ ပြောင်းကာ ရှန်ယန်း လေယာဉ် ကော်ပိုရေးရှင်း က ဖန်တီး ထုတ်လုပ် ထားခြင်းဖြစ်ပြီး ပြည်တွင်းဖြစ် လက်နက် များ ကို တပ်ဆင် ထား ကြောင်း သိရသည်။

J-15 ၏ ပျံသန်းမှု စနစ် များ နှင့် လက်နက် တင်ဆောင်မှု စနစ်များ သည် များစွာ ကျယ်ပြန့်ေ ကာ င်း မွန် ကြောင်း တရုတ် စစ်ဘက် က ကြွေးကြော် ခဲ့ဖူးသည်။ J-15 များ ကို တရုတ်ဖြစ် တိုင်ဟန် တာဘို အင်ဂျင် များဖြင့် တွန်းအားပေး မောင်းနှင် စေခဲ့သည်။ J-15 ကို ( ၂၀၀၉ ) ခုနှစ်၊ ဩဂုတ် လ က စတင် စမ်းသပ် ပျံသန်းပြီး နောက် ယခု အခါ လီအိုနင်း သင်္ဘောကြီး ၏ အဓိက ပင်တိုင် တိုက်လေယာဉ် အဖြစ် အသုံးပြုရန် ဦးတည် လာခဲ့ခြင်း ဖြစ်သည်။ လတ်တလော တွင်မူ စစ်ဆင်ေ ရး ထက် လေယာဉ် များ အမှား အယွင်း မရှိ ချောမွေ့စွာ အဆင်း အတက် ပြုလုပ်ရေး လေ့ကျင့်မှု များ ကို အသားပေး လေ့ကျင့် နေဆဲ ဖြစ်သည်။

ရေတပ် နောက်တန်း သေနာပတိ ယန်ဇူး က "ရေတပ်ရဲ့ အမှတ် အသား ဆေးရောင် တွေကို J-15 မှာ ရေးခြယ် ပြီး ပါပြီ။ ခုဆိုရင် တာဝန် ထမ်းဆောင်မှု ကိုလည်း အစပျိုး နိုင်ခဲ့ပြီ။ ပြောရမယ် ဆို ရင် လောလော ဆယ် အတည် မပြု သေး ပေမယ့် J-15 တွေ ဟာ ရေတပ်ဖွဲ့မှာ တာဝန် စထမ်းေ နပြီလို့ ယူဆ ရပါမယ်"ဟု ဆိုသည်။ ၎င်းက J-15 တိုက် လေယာဉ်များ ကို ပမာဏ အမြောက် အမြား ထုတ်လုပ် သွားမည်ဟု ပြောကြား ခဲ့သည်။ ပထမ အသုတ် ထုတ်လုပ် မှုက စတင် နေပါပြီ။ ဒီတိုက် လေယာဉ် တွေ ရဲ့ တာဝန် ထမ်းဆောင် မှု သက် တမ်း ကလည်း ကြာရှည် ပါလိမ့်မယ်။ J-15 တွေရဲ့ တည်ဆောက် ပုံဟာ အပြောင်း အလဲတွေ လုပ်ဆောင် ဖို့ အရမ်း လွယ်ကူ တယ်။ ရေ ဒါ နဲ့ အီလက် ထရောနစ် ဆက်သွယ်ရေး စနစ်တွေ၊ အင်ဂျင် စနစ် တွေကို အဆင့်မြှင့် နိုင်အောင် စီ စဉ် ထားတယ်။ နောက်ထပ် (၁၀) နှစ်၊ (၁၅) နှစ်လောက်မှာ အဆင့်မြှင့် မွမ်းမံမှု တွေ ထပ် လုပ် ပြီး လေယာဉ် တွေရဲ့ တာဝန် ထမ်းဆောင်မှု သက်တမ်း ကို တိုးမြှင့် နိုင်မှာပါ" ဟုလည်း သေနာ ပတိ ယန် က ပြောကြား ခဲ့သည်။ ၎င်းက လီအိုနင်း သင်္ဘောကြီး ၏ လေယာဉ် တင်ဆောင် နိုင်မှု စွမ်းရည် နှင့် ပတ် သက်ပြီး မေးမြန်းမှုကိုမူ "သင်္ဘော ကုန်းပတ် ပေါ်မှာ တာဝန် ထမ်းဆောင် နိုင် မယ့် တိုက် လေယာဉ် အရေ အတွက် က (၃၆) စင်းလောက် ရှိပါလိမ့် မယ်"ဟု ဖြေကြား ခဲ့သည်။ တရုတ်စစ်တပ် သည် ဘက်စုံသုံး တိုက် လေယာဉ် အမျိုးအစား ဖြစ်သည့် J-15 များကို ( ၁၆ ) စင်း ထိ ထုတ်လုပ် ထားပြီး ဖြစ်သည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...