Thursday, January 2, 2014

မီးတောင်ပေါက်ကွဲမှုအပြီးမှာ ဂျပန်နိုင်ငံကျွန်းတစ်ကျွန်းက နာမည်ကျော်ကာတွန်းဇာတ်ကောင် Snoopy ခွေးပုံ ဖြစ်သွား



ဂျပန်နိုင်ငံ ရဲ့ မီးတောင်တစ်ခုပေါက်ကွဲမှုတစ်ခုအပြီးမှာ ကျွန်းတစ်ကျွန်းရဲ့ ပုံစံဟာ နာမည်ကျော်ကာတွန်းဇာတ်လမ်းတွဲ ထဲက Charlie Brown ရဲ့ ခွေး Snoopy ပုံစံ ဖြစ်ကျန်ခဲ့ပါတယ်။ တိုကျိုမြို့  တောင်ဘက် ပင်လယ်ကနေ ၆၂၀ မိုင် အကွာအဝေးမှာ ရှိတဲ့ ကျွန်းမြေတစ်ခုဟာ မီးတောင်ပေါက်ကွဲမှုအပြီးမှာ နီရှီနိုရှိမ ကျွန်းနဲ့ ဆက်စပ်သွားပြီး Snoopy ဇာတ်ကောင်ပုံစံဖြစ်သွားတာပါ။ ဂျပန်နိုင်ငံ ပြည်သူတွေက အဲဒီ့ကျွန်းစုကို Snoopy ကျွန်းစု လို့ နာမည်ပေးထားကြပြီး ကမ္ဘာ့သတင်းစာမျက်နှာမှာ နာမည်ကြီးလျက်ရှိပါတယ်။

Snoopy ရဲ့ လည်စည်းအနီပုံစံလေးပါ ဖြစ်ပေါ်နေပြီး Snoopy နဲ့ တော်တော်တူတဲ့အတွက်ကြောင့် လူအများစု ဟာ အဲဒီ့ကျွန်းကို သွားလည်ဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ဂျပန်အာဏာပိုင်တွေက ဒီကျွန်းစုကို မသွားရောက်ဖို့ တားမြစ်ထားကြပြီး အဲဒီဧရိယာဟာ အခုထိ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

Ref: mirror.co.uk

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...