Thursday, January 2, 2014

ရော်ဘင်ဟိုကို ရက်ရက်စက်စက် ဝေဖန်လိုက်တဲ့ ဆန်းတို့စ်အသင်းဥက္ကဌ



အေစီမီလန်အသင်းမှာနေရာမရ ဖြစ်နေတဲ့ ဘရာဇီးတိုက်စစ်မှူးရော်ဘင်ဟို ကို ခေါ်ချင်ပေမယ့်လည်း အီတလီတွေ ဘက်ကတောင်းနေတဲ့ ပြောင်းရွေ့ကြေး ယူရို(၁၀)သန်းဆိုတာ များလွန်းနေတယ် လို့ ဆန်းတို့စ်အသင်းဥက်္ကဌအဲလ်ဗာရိုရစ် ဘာရီယိုကပြောလိုက်ပါပြီ။

“ အသက်(၂၉) နှစ်ရှိနေပြီး နိုင်ငံတ ကာလက်ရွေးစင်က နေအပယ်ခံထားရတဲ့ ဘောလုံးသမားတစ် ဦးအတွက် ယူရို(၁၀) သန်းဆိုတာများတယ် ဗျာ။ ဒါ့အပြင် အေစီမီလန်နဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်တော့တာဆိုတော့ ပြောရရင် ယူရို(၆) သန်း လောက်ပဲတန်ပါတယ်” လို့ အဲလ်ဗာရိုက ဘရာဇီးရဲ့တစ်ချိန်က ငွေကြယ်ပွင့်လေးဖြစ်ခဲ့ဖူးသူရော်ဘင်ဟို ကို ရက်ရက်စက်စက်ပြောခဲ့ပါတယ်။

ရော်ဘင်ဟိုအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာ သီမှာ (၂၃)ပွဲကစားခွင့်ရှိခဲ့ပြီး (၂)ဂိုးသာ သွင်းနိုင်ခဲ့ကာ ဂိုးဖန်တီးမှုမှာတော့ (၆) ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ ဒီနှစ်မှာလည်း အေစီမီလန်အတွက် (၁၂)ပွဲကစားခဲ့ပြီး (၂)ဂိုးသာသွင်းနိုင်ပါသေးတယ်။ အေစီမီလန်မှာ ဘာလော့တယ်လီ၊ စတင်ဖန်အဲလ်ရှာရေး နဲ့ မာမက်ဒူနိုင်းတို့လို လူငယ်ခြေတက် တွေရှိနေတာကြောင့် ရော်ဘင်ဟိုအတွက် အသင်းပြောင်းပြီး ၂၀၁၄ကမ်္ဘာ့ဖလားပြိုင် ပွဲဝင်ဘရာဇီးလက်ရွေးစင်မှာ နေရာတစ် နေရာပြန်ရဖို့ အလိုရှိနေပါပြီ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...