Friday, August 30, 2013

Nokia Lumia Amber Update ရယူနိုင်ပြီ



Friday, August 30, 2013

Windows 8 အသုံးပြုထားတဲ့ Lumia Phone တွေအတွက် Amber Update ကို ယခုလအတွင်း ရယူနိုင်ပြီဖြစ်ပါတယ်။

Windows Mobile 8 OS ကိုသာ အဓိက အသုံးပြုနေတဲ့ Nokia Lumia Phone တွေအနေနဲ့ အခု Update ကနေပြီး Feature အသစ်တွေ တွေ့မြင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

အဓိက သိသာတဲ့ အပြောင်းအလဲတွေကတော့

၁. Nokia Smart Camera
(New Camera App ကို Enhanced လုပ်ပေးထားပါတယ် HTC One မှာ ပါဝင်တဲ့ Zoe Feature တွေနဲ့ တူညီတယ်လို့ အကြမ်းဖျင်း ပြောလို့ရမယ် ထင်ပါတယ် )

၂. Nokia Glance Screen
(ဖုံးကိုLock လုပ်ထားတဲ့အခါမှာ Clock နဲ့ Info တချို့ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ ဟိုးအရင်က Nokia ဖုံးတွေမှာ ပါခဲ့တဲ့ Feature ကို ပြန်ထည့်ပေးထားတာပါ။ Moto X မှာလည်း Glance Feature ပါဝင်ပါတယ်)

၃. FM Radio
(FM Radio ကို Lumia ဖုံးတော်တော်များများမှာ Earphone တပ်ပြီး နားထောင်လို့ ရပြီဖြစ်ပါတယ်။)

၎. Flip it to Silent
(ခဏခဏ ခေါ်နေတဲ့ ဖုံးတွေကို Silent လုပ်ဖို့ ဖုံးကိုမှောက်ထားရုံပါပဲ။ ဒီ Feature က တခြား Brand တွေမှာရတာကြာပါပြီ။ အခု Lumia Amber Update မှာ ပါဝင်လာပြီဖြစ်ပါတယ်။(

၅. Double tap to wake up
(LG G2 မှာ ပြသသွားတဲ့ Feature ပါ။ Screen ကို နှစ်ချက် ထိလိုက်ရုံနဲ့ Wake Up ပြန်ဖြစ်တဲ့ Feature ပါ။ ကောင်းကောင်း အလုပ်လုပ်ပါတယ်။)

၆. Data Sense
(Data Usage တွေကို Monitor လုပ်ပေးမဲ့ Feature ပါ)

၇. xbox Music Enhancement
၈. Internet Explore Enhancement

Feature တွေ တော်တော်များများပါဝင်လာပြီး Enhancement ပိုင်းတွေလည်း တော်တော် အားဖြည့်ပေးထားပါတယ်။

Lumia Phone တွေအကုန်လုံးက Hardware Support လုပ်မှု မတူညီတဲ့အတွက် Feature တွေ အားလုံး ရမှာတော့ မဟုတ်ပါဘူး။ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။

Windows Phone အသုံးပြုသူ User တွေအတွက်တော့ ပိုမိုကောင်းမွန်လာမဲ့ Update တွေကို အမြဲမျှော်လင့်နေကြရဦးမှာပါ။ Microsoft နဲ့ Nokia ကလည်း Market ထဲမှာ နေရာရလာဖို့ Update တွေ တစ်သီကြီး လုပ်ဆောင် သွားရဦးမှာ ဖြစ်ပါတယ်။

အခု Amber Update ကတော့ အသုံးပြုသူ User တွေအတွက် စိတ်ကြေနပ်မှု အနည်းငယ်တော့ ရရှိစေမယ် ထင်ပါတယ်။

Video
http://www.youtube.com/watch?v=XwKBy_yf7CA

THA: TSJ Tech Team
Reference
http://www.nokia.com/global/windows-phone-amber-update/

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...