Friday, August 30, 2013

ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗိဂျေနမ်ဘီးယား မိတ္ထီလာမြို့ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်

 Created on Friday, 30 August 2013 02:30
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗိဂျေနမ်ဘီးယားနှင့် အဖွဲ့သည် သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့သို့ ရောက်ရှိလာပြီး မတ် ၂၀ ရက် က အကြမ်းဖက် မှုများကြောင့် ပျက်ဆီး မီးလောင်ကျွမ်း ခဲ့ရသော နေရာများသို့ သွားရောက်လေ့လာခဲ့ကာ ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရသည်။

သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် မစ္စတာ ဗိဂျေနမ်ဘီးယားနှင့် အဖွဲ့သည် မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်အတွင်းရှိ ဘင်္ဂါလီဗလီသို့ ၀င်ရောက် ကြည့်ရှုခဲ့ပြီး သိလိုသည်များကို မေးမြန်းခဲ့ရာ အစ္စလာမ် ဘာသာဝင် ဦးမြင့်ထွေးမှ ဗလီ သုံးလုံးကို ပြန်လည် ရှင်းလင်းပြီးနောက် ၀တ်ပြုဆုတောင်းခြင်းများ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ နောက်ထပ်လည်း ဗလီများကို ပြန်လည်ရှင်းလင်းခွင့် ပေးထားပြီး ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကြောင့် ပြန်လည် ဆောက်လုပ်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် လက်ရှိ ဗလီသုံးလုံးကို အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုဆုတောင်း နေချိန်များတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားမည် စိုးရိမ်သဖြင့် အာဏာပိုင်များက လုံခြုံရေး လုံလောက်စွာ ချထားပေးပါကြောင်း ရှင်းပြခဲ့သည်။

ထို့နောက် မစ္စတာ နမ်ဘီးယားသည် ချမ်းအေးသာယာ နယ်မြေအတွင်းရှိ ဗလီအား သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး ဆရာတော်ရှင်ဆေကိန္ဒ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ ဟီန္ဒူဘာသာရေး ခေါင်းဆောင်များ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...