Friday, August 30, 2013

အနုပညာက အသက်ထက် တန်ဖိုးကြီးတယ် ဆိုသူ ယွန်းရွှေရည်



ဇာတ်ကား တစ်ကားမှာ ဇာတ်ပို့ နေရာ ဟာလည်း အရေးပါ လှတဲ့ အခန်းကဏ္ဍ ဆိုရင် မမှားပါဘူး။ ဇာတ်ဆောင် တစ်ဦးကို ပံ့ပိုးပေးရတဲ့ ဇာတ်ပို့သမား တစ်ယောက် အဖြစ် ရပ်တည်ကြတဲ့ ဇာတ်ပို့ အနုပညာရှင် တွေ အရေအတွက် နည်းပါတယ်။ ဇာတ်ပို့ နေရာမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားပြီး သရုပ်ဆောင်မှု အပိုင်းမှာ လည်း ပရိသတ် လက်ခံထားတဲ့ ဇာတ်ပို့ မင်းသမီး တစ်ဦးကတော့ ယွန်းရွှေရည်ပါ။ ဇာတ်ပို့သမား တစ်ယောက်ရဲ့ ဘဝမှာ နေရာတစ်ခု ရလာအောင် ကြိုးစား ခဲ့ပုံကိုမေး ကြည့်တော့ “ဇာတ်ပို့ ဆိုတာ ဇာတ်ကား တစ်ကားရဲ့ တစ်ထောင့် တစ်နေရာမှာ လိုအပ်ပါတယ်။ ဘာပဲပြောပြော တစ်ခါတလေ အစ်မ တို့ဇာတ်ပို့တွေ ကလည်း ဇာတ်ကား တစ်ကားရဲ့ အဓိက ကျတဲ့နေရာ လည်းရှိပါတယ်” လို့ပြောပါတယ်။ ရရှိထားတဲ့ အောင်မြင်မှုမှာ ရပ်မနေဘဲ ရှေ့ကို တိုးဖို့ ဘာတွေ လုပ်ဆောင် သင့်တယ် လို့မြင်လဲ လို့ မေးကြည့်တော့.. “အနုပညာ လောကမှာ နေရာ တစ်ခုရပြီး ပိုပြီး ခိုင်မာအောင် ဆိုတာ ကိုယ့်ဘက်က ပိုပြီး ကြိုးစားရမှာပဲ လေ။ ပရိသတ်တွေ ကိုယ့်ကို ပိုပြီး  အားပေးအောင်၊ အားပေးတဲ့ ပရိသတ် ပိုပြီးခိုင်မာအောင် ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားရပါမယ်” လို့ ပြောပါတယ်။ အနုပညာကို မြတ် နိုးတဲ့ လူတစ်ယောက် အနေ နဲ့ အနုပညာက ကိုယ့်အတွက် တန်ဖိုး ဖြတ်လို့မရတဲ့ အရာ တစ်ခုဖြစ် ကြောင်း၊ တန်ဖိုးလည်း ကြီးသလို တအားလဲ ခက်ခဲ ပါကြောင်း၊ အလွယ် တကူ ဝင်ရောက် လုပ်ကိုင် လို့ရတဲ့ အလုပ် မဟုတ်ကြောင်း၊ ဒီအနု ပညာကု ကိုယ့်အတွက် အသက်ထက် တန်ဖိုး ပိုကြီးကြောင်း၊ စားဝတ် နေရေးရော၊ လူမှုရေးရော အစစ အရာ ရာ ဖြေရှင်းပေးတဲ့ အသက် မွေးဝမ်းကျောင်း အလုပ်လို့ သတ်မှတ် ထားကြောင်း အနုပညာ သက်တမ်း ၄နှစ် ကျော် ရှိလာပြီ ဖြစ်တဲ့ ယွန်းရွှေရည်က ပြောပြခဲ့ပါ တယ်။
ထူးထူး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...