Friday, March 14, 2014

လေယာဉ်မယ်တွေကို စကပ်တို ၀တ်ခိုင်းတဲ့ လေကြောင်းလိုင်း ဝေဖန်ခံနေရ


 

ဂျပန် နိုင်ငံမှာ ရှိတဲ့ လေကြောင်းလိုင်း တစ်ခုဟာ လေယာဉ်မယ် တွေကို စကပ်တိုတို ၀တ်ဆင်ခိုင်းခဲ့ လို့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် နေရ တယ် လို့ သိရပါတယ်။ Skymark လေကြောင်းလိုင်း ဟာ မကြာမီ စတင် ပြေးဆွဲ မယ့် ပထမဆုံး ခရီးစဉ် ဖြစ်တဲ့ ဟာနီဒါ- ဖူကူ အိုကာ ကို သွားမယ့် လမ်းကြောင်း မှာ လေယာဉ်မယ် တွေကို စကပ်တိုတိုဝတ်ဆင်စေမှာ ဖြစ်ပါတယ်။




ဒီလို ပြုလုပ်ခြင်းဟာ လေယာဉ်မယ် တွေရဲ့ အလုပ် အပေါ်များစွာ ထိ ခိုက်မှု ရှိ လာလိမ့်မယ်လို့ ဂျပန် နိုင်ငံရှိ လေယာဉ်စီးခရီးသည်များကို ပြုစု စောင့်ရှောက်သူများ အဖွဲ့ အစည်းက ထောက်ပြ ခဲ့ပါ တယ်။ စကပ်တိုတိုဝတ်ဆင်ရခြင်းကြောင့် အနေအထိုင်အသွား အလာအပေါ် သတိထား နေရ တဲ့ အပြင် လိင်အသားပေးဝတ်ဆင်မှုဖြစ် တာမို့ ခရီးသည် တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ် တယ်လို့ အဆိုပါအဖွဲ့  က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စကပ်တိုတို ၀တ်ဆင်ထားခြင်းကြောင့် လေယာဉ်မယ် တွေ ရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်နေပြီး၊ မိုဘိုင်း ဖုန်းတွေနဲ့ ခိုးရိုက်ကူးမှုတွေဖြစ်လာနိုင်တယ် လို့ ဆိုထား ပါ တယ်။ ဒါဟာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းအပေါ် ချိုးဖောက်ရာရောက်နေကြောင်း သိရပါတယ်။ 



ဒါပေမဲ့ Skymark လေကြောင်း လိုင်းတာဝန်ရှိသူတွေကတော့ စကပ်တိုတို ၀တ်ဆင်ခိုင်းခြင်းနဲ့ ပတ်သက်ပြီး ကာကွယ်မှု တွေပြု လုပ် သွားခဲ့ပါတယ်။ Skymark လေ ကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က““ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်အသိပေး မှုမရောက်ရှိသေးပါဘူး။ ကျွန်တော်တို့ကလည်း ဒီအစီအစဉ်ကို ခြောက်လလောက်ပဲ ပြုလုပ် သွားမှာဖြစ်တာမို့ ဘာအကျိုးသက်ရောက်မှု မှ ရှိလာမှာ မဟုတ်ပါဘူး””လို့ ဖြေရှင်းခဲ့ပါ တယ်။ ပြီးခဲ့တဲ့ နှစ်က လည်း သြစတြေးလျ လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Qantas ဟာ လေယာဉ်မယ် တွေကို ဆွဲဆောင်မှု ရှိစေဖို့ စကပ်တိုတိုနဲ့ ကိုယ်ကျပ်အင်္ကျီတွေဝတ်ဆင် ခိုင်းလို့ ဝေဖန်မှုခံခဲ့ရကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...