Thursday, March 6, 2014

ဂျာနူဇတ်နဲ့ သတင်းတွေကို ခပ်ကြမ်းကြမ်း ငြင်းခဲ့တဲ့ စပရင်ဂါ







မန်ယူ လူငယ်ကစားသမား ဂျာနူဇတ်နဲ့ ချစ်သူဖြစ်နေကြလို့ သတင်းလွှင့်သူတွေကို ကာယကံရှင် စပရင်ဂါက အွန်လိုင်းကနေ ခပ်ကြမ်းကြမ်း တုံ့ပြန်သွားပါတယ်။ ဂျာနူဇတ် နာမည်ကျော်ကြား လာပြီးနောက် အမေရိကန် အဖော်အချွတ် မဂ္ဂဇင်းတွေမှာ မျက်နှာဖုံးရှင် ဖြစ်ခဲ့တဲ့ အင်္ဂလန် နာမည်ကျော် မော်ဒယ် စပရင်ဂါနဲ့ ချစ်သူတွေ ဖြစ်နေကြပြီလို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စပရင်ဂါက “ ဖေ့ဘွတ်ပေါ်မှာ ကျွန်မ အကြောင်း သားပုတ်လေလွှင့် ပြောနေတာတွေကို ရပ်တန်းက ရပ်သင့်ပါပြီ။ အလိမ်အညာတွေကို ဖြန့်မနေ သင့်ပါဘူး။ ဒါက မနှစ်မြို့စရာကောင်းတဲ့ ကိစ္စပါ။ လုံးဝကို အဓိပ္ပာယ်မရှိပါဘူး”လို့ ပြောခဲ့တာပါ။ စပရင်ဂါဟာ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်လို့ မန်ယူ အသင်းသား တစ်ယောက်နဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့ သတင်းတွေကို ပြန်တုံ့ပြန်ခဲ့ တာလို့လည်း သုံးသပ်ထားကြပါသတဲ့။


 ရိုးရာလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...