Thursday, March 6, 2014

စင်္ကာပူမှာ အိမ်အကူသွားလုပ်တဲ့ မြန်မာနိုင်ငံသူတစ်ဦး လူသတ်မှုနဲ့ တရားစွဲခံထားရ



မြန်မာနိုင်ငံသူ တစ်ဦးဟာ အသက် ၈၅နှစ်အရွယ် အဖွားကြီးကို သတ်မှုနဲ့ စင်္ကာပူမှာ မတ်လ ၅ရက်နေ့က တရားစွဲဆိုခံထားရပါတယ်။

အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ အိမ်အကူအဖြစ်လုပ်ကိုင်သူ မသန်းသန်းဝင်းဟာ သူမရဲ့ အလုပ်ရှင်ဖြစ်သူ Yong Wan Lan ကို စင်္ကာပူက Springdale ကွန်ဒိုမှာ သတ်ခဲ့တာလို့ တရားစွဲဆိုထားတာပါ။ မတ်လ ၄ရက်နေ့၊ ညနေ ၄နာရီ ၅မိနစ်နဲ့ ၅နာရီ ၂၃မိနစ်ကြားမှာ ပစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ စွဲဆိုခံထားရပါတယ်။

မတ်လ ၂၆ရက်နေ့မှာ ဒီအမှုကို ထပ်ကြားနာမယ်လို့ သိရပါတယ်။ ပစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ သေဒဏ်ပေးခံရမှာပါ။

မတ်လ ၄ရက်နေ့ ညနေ ၅နာရီ ၂၃မိနစ်လောက်မှာ ရဲစခန်းကို တစ်ယောက်ယောက်က ဖုန်းဆက်အကူအညီတောင်း ခဲ့တယ်လို့ ရဲဋ္ဌာနက ဆိုပါတယ်။

အခင်းဖြစ်ပွားရာကို ရဲတွေရောက်တော့ Yong အဖွားကြီးဟာ အသက်မရှိတော့ပါဘူး။

Yong အဖွားကြီးရဲ့ ကိုယ်အပေါ်ပိုင်းဟာ သွေးအိုင်ထဲမှာ ရှိနေပြီး ညနေ ၆နာရီ ၂၇မိနစ်မှာ ဆရာဝန်က သေဆုံးကြောင်းကြေညာခဲ့တယ်လို့ သိရပါတယ်။

Ref:channelnewsasia.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...