Sunday, March 9, 2014

ကမ္ဘာ့ဖလားရလျှင် တကိုယ်လုံးချွတ်ပြမည်ဆိုသည့် မိန်းကလေး ဘောလုံးသမားနောက်ပါသွားရှာ





(၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံး ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် ပါရာဂွေး လှပျိုဖြူ လာရီဆာ ရီကွယ်လ်မီးတစ်ယောက် စေ့စပ်လိုက်ပြီ ဖြစ်သည်။ ကံထူးသူ ဂျိုနသန် ဖာဘရိုသည် လာရီဆာကို လက်ထပ်ခွင့် တောင်းဆိုမှုအတွက် လိုက်လျော သဘောတူ ကြည်ဖြူမှုကို ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဖာဘရိုသည် အာဂျင်တီးနား နာမည်ကျော် ဘောလုံးအသင်း ရေးဗားပလိတ်တွင် ကစားနေသူ ဖြစ်သည်။ လာရီဆာက သူမသည် ဖာဘရို၏ လက်ထပ်ခွင့် တောင်းခံမှုကို လိုက်လျော သဘောတူညီခဲ့ကြောင်း ပရိသတ်များထံသို့ Twitterမှတစ်ဆင့် ဝေမျှ အသိပေးခဲ့သည်။

အသက်(၃၂)နှစ်ရှိ ဖာဘရိုသည် အာဂျင်တီးနားတွင် မွေးဖွားသော်လည်း ပါရာဂွေးအသင်းကို (၆)ပွဲ ကိုယ်စားပြုထားသူ ဖြစ်သည်။ လာရီဆာက "ကျွန်မရဲ့ ဘဝကတော့ ချစ်ခြင်းမေတ္တာရယ်၊ ပျော်ရွှင်မှုတွေရယ်နဲ့ ပြည့်စုံလာပါပြီ။ ကျွန်မတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ချီးမြှင့်ဖြည့်ဆည်းပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"ဟု ဖွင့်ဟခဲ့သည်။ လာရီဆာတို့ စုံတွဲသည် (၂၀၁၁)ခုနှစ် ကတည်းက ချစ်ကြိုက်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် စေ့စပ်ကြောင်းလမ်းဖြစ်ခဲ့သည်။



လတ်တလောတွင် လာရီဆာတို့သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်သို့ အလည်အပတ် သွားရောက်လျှက် ရှိသည်။ လာရီဆာသည် (၂၀၁၀)ပြည့်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်အာဖရိကထိ လိုက်ပါပြီး ပါရာဂွေးအသင်းကို အင်တိုက်အားတိုက် အားပေးခဲ့သူ ဖြစ်သည်။ သူမသည် ထိုစဉ်က ပါရာဂွေးအသင်း ဗိုလ်စွဲခဲ့ပါက တစ်ကိုယ်လုံး အဝတ်အစားချွတ်ကာ ပြေးလွှား အောင်ပွဲခံမည်ဟု ကတိပြုခဲ့ရာ ကမ္ဘာသိသတင်းတစ်ပုဒ် ဖြစ်ခဲ့သော်လည်း ပါရာဂွေးအသင်း အနေဖြင့် ကွာတားဖိုင်နယ် အဆင့်၌ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...