Sunday, March 9, 2014

သင့်ခန္ဓာကိုယ် ကမနှစ်မြို့ဖွယ် အနံ့အသက်တွေ ရှိ၊မရှိကို အနံ့ခံ ပေးမယ့် မိန်းကလေး





သင့်ခန္ဓာကိုယ် ကမနှစ်မြို့ဖွယ် အနံ့အသက်တွေ ရှိ၊မရှိကို အနံ့ခံ ပေးမယ့် ခွေးစက်ရုပ်နှင့် မိန်းကလေး ခေါင်းသဏ္ဌာန် စက်ရုပ် တွေကို တီထွင် လိုက်ပါပြီ။
သင်က အရေးကြီးတဲ့ အစည်းအဝေး သို့မပာုတ် ချိန်းဆိုမှု တစ်ခုကို သွားမယ်ဆိုရင် သင့်ကိုယ်သင် အနံ့ထွက်၊ မထွက် သေချာအောင် စစ်ဆေး သင့်ပါတယ်။ ထိုအခါမျိုးမှာ သင့်မိသားစု၊ သူငယ်ချင်း တွေကို အားနာဖွယ် ကောင်းတဲ့ အနံ့ရှိ၊မရှိ အနံ့ခံ ခိုင်းတာပာာ သင့်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပါပဲ။ ဒါတွေ အတွက် စက်ရုပ် လာပါပြီ။

ဂျပန်ကုမ္ပဏီ CrazyLabo နဲ့ Kitakyushu National College of Technology တို့က အနံ့ခံ ပေးမယ့် ခွေးစက်ရုပ်နှင့် မိန်းကလေး ခေါင်း သဏ္ဌာန် စက်ရုပ်တို့ကို တည်ဆောက်ဖို့ အဖွဲ့တစ်ခု ဖွဲ့ခဲ့ကြ ပါတယ်။ ခွေးစက်ရုပ်ပာာ သင့်ခြေထောက်ကို အနံ့ခံ ပေးမှာ ဖြစ်ပြီး ဘယ်လိုအနံ့ မျိုးလဲဆိုတာ အဖြေလေးခုထဲမှ တစ်ခုကို ပြန်ပြောမှာ ဖြစ်ပါတယ်။ အနံ့ပာာ အရမ်း ဆိုးနေမယ် ဆိုရင်တော့ စက်ရုပ်ပာာ သိနိုင်စွမ်း ပျောက်သွားမှာ ဖြစ်ပြီး အနံ့ မထွက်ရင်တော့ ခွေးစက်ရုပ်ပာာ သင့်ကို ချစ်စဖွယ် ပွတ်သပ် ပြမှာပါ။ ဘာသာပြန်လျှင် မွှေးကြိုင်သော ရနံ့၊ ရေမွှေး ဒါမပာုတ် အနံ့လို့ ဘာသာပြန်လို့ ရတဲ့ မိန်းကလေး ခေါင်းသဏ္ဌာန် စက်ရုပ် နိုကီပာာလည်း ထိုနည်းအတိုင်း ပြုလုပ်မှာပါ။ သူ့ရဲ့ မျက်နှာသို့ အသက်ရှူ ထုတ်လိုက်သည်နှင့် "ကောင်းတယ်၊ လိမ္မော်ရနံ့လိုပဲ"၊"အို၊ သင့်အနံ့ ဆိုးတယ်"၊ "မကောင်းဘူး၊ ငါလုံးဝ မခံနိုင်ဘူး"၊ "အရေးပေါ် အခြေအနေပဲ" စသဖြင့် အဖြေ ပေးမှာ ဖြစ်ပါတယ်။

စက်ရုပ် နှစ်ခုလုံးမှာ commercial odor sensor လို့ခေါ်တဲ့ အနံ့ခံ ကိရိယာ တပ်ဆင်ထားပြီး အသက်ရှူ ထုတ်ခြင်းနှင့် ခြေဆီနံ့မှ chemical တွေကို ခွဲခြား သိနိုင်တာပါ။ ဒါပာာ ရယ်စရာတော့ ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့တော့ စက်ရုပ်ခွေးပာာ ခန္ဓာကိုယ် မပါတဲ့ မိန်းကလေး ခေါင်းကို အသက်ရူ ထုတ်ပြတာ ထက်တော့ ပိုအဆင်ပြေမယ် ထင်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...