Tuesday, November 5, 2013

ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် လူသတ်တရားခံအား ဖမ်းလာသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ ကားကို KIA က မိုင်းခွဲတိုက်ခိုက်




နိုဝင်ဘာ ၄ ရက်နေ့က မန်စီ စခန်းမှူး ရဲအုပ် ဇော်လေးဦးစီးပြီးတော့ အင်အား ၁၀ ဦးပါဝင်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ လူသတ်တရားခံ ၄ ဦးကို ကားဖြင့်ဖမ်းဆီး
ခေါ်ဆောင်လာစဉ် လမ်းမှာ KIA အဖွဲ့ ကနေပြီး ရီမုမိုင်းဖြင့် ယာဉ်တန်းကို မိုင်းခွဲ
တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲအုပ် ဇော်လေးဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်များသည် မန်ဝိန်းလေးနဲ့ ကုန်းတိမ်ကျေးရွာမှ
လူသတ် တရားခံ ၄ ဦးကို ကားဖြင့် မန်စီသို့ ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းမှာ KIA
အဖွဲ့က ရီမုမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ
ရမှုမရှိသော်လည်း ကားမှာ အနည်းငယ်ပျက်စီးသွားကြောင်းသိရှိသည်။

အစိုးရမှ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ရေးဆွေးနွေး
နေချိန်တွင် KIA ၏ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအပေါ်
ယင်းကဲ့သို့ တိုက်ခိုက်နေမှုများနှင့် အများပြည်သူသွားလာနေသည့် လမ်းအပေါ် မိုင်းထောင်တိုက်ခိုက်နေမှုများက ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအပေါ် ထိခိုက်စေနိုင်
ကြောင်း မန်စီဒေသခံများမှ ပြောဆိုလျက်ရှိကြောင်း သိရသည်။
By Kachin News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...