Saturday, February 15, 2014

2NE1 ရဲ့ ဗီဒီယိုအသစ်ဖြစ်တဲ့ “CRUSH” အတွက် ဒေါ်လာ ၄၇၀၀၀၀ အကုန်အကျခံခဲ့တဲ့ YG Entertainment




ဒါဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် 2NE1 ဟာ သူတို့ရဲ့ ဗီဒီယိုအသစ်ဖြစ်တဲ့ “CRUSH” ကို ဒေါ်လာ တစ်မီလီယံရဲ့ တ၀က်နီးပါးလောက်တောင် အကုန်အကျခံ ရိုက်ကူးခဲ့ပါတယ်။ အဲဒီအတွက်လည်း ယုံကြည်မှုပေးခဲ့တဲ့ YG Entertainment ရဲ့ CEO ဖြစ်သူ Yang Hyun Suk ကို အထူးပဲကျေးဇူးတင်ရှိပါတယ်တဲ့။

YG ရဲ့ ကြာသပတေးနေ့က ထုတ်ဖော်ဝန်ခံချက်အရ 2NE1 ရဲ့လက်ရှိ တေးဂီတဗီဒီယိုဟာ ဒေါ်လာ ၄၇၀၀၀၀ လောက်သုံးစွဲခဲ့တာကြောင့် ရိုက်ခဲ့ဖူးသမျှတွေထဲမှာ ကုန်ကျမှုအများဆုံးဗီဒီယိုတစ်ခု ဖြစ်ပြီး မှန်းထားတာထက်လည်း အတော်လေးများသွားတယ်လို့ ဆိုပါတယ်။

“အကြီးမားဆုံးသော ငွေကြေးစိုက်ထုတ်မှုနဲ့ 2NE1ရဲ့ နောက်ဆုံးအယ်လ်ဘမ် ခေါင်းစီးသီချင်းဟာ ဘာကြောင့်ဒီလောက် ကုန်ကျခဲ့ရသလဲဆိုတော့ အရည်အသွေးမြင့်မားတဲ့ computer graphic work တွေ အများအပြား သုံးဖို့လိုတာကြောင့်”လို့ဆိုပါတယ်။

ဒီပဟေဠိဆန်တဲ့ ဗီဒီယိုကိုတော့ ဖေဖေါ်ဝါရီ ၂၄မှာ ပဏာမ ထုတ်လွှင့်မှာဖြစ်ပြီး final version ကိုတော့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ဒီအယ်လ်ဘမ်အသစ်ထဲမှာ သီချင်းအားလုံး ၁၀ပုဒ်ပါပြီး အားလုံးက single သီချင်းတွေလောက် နီးပါး ပရိသတ်ရဲ့ အာရုံစိုက်ခြင်းခံရပါတယ်။

Ref:kpopstarz.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...