Wednesday, February 26, 2014

အပြင်သွားခါနီး အလှပြင်ဖို့ အချိန်နည်းနေပြီဆိုရင်



အပြင်သွားရမယ့်အချိန်က ကပ်နေပြီ။ ကိုယ့်ရဲ့အလှပြင်ချိန်က ပျမ်းမျှအားဖြင့် နာရီဝက်ဆိုရင်တောင် ရေချိုးရမှာနဲ့ အချိန်က မလောက်မငဖြစ်နေပြီဆိုရင်တော့ အလှပြင်နည်းလမ်းသစ်တစ်ချို့ကို စမ်းသပ်ကြည့်ရတော့မှာပေါ့။ ကိုယ့်သုံးနေကျ အလှကုန်တစ်ချို့ကို ဘယ်လိုနည်းသစ်ထွင်ပြီး အချိန်မီ ပြင်ဆင်နိုင်သလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။

၁။ဆံပင်ကို အခြောက်လျှောရေချိုးရင်း ခေါင်းပါလျှော်နေမယ်ဆိုရင်တော့ အချိန်တွေ ပိုကုန်သွားမှာပေါ့။ အဲ့ဒီတော့ အချိန်ကုန်သက်သာအောင် ဆံပင်ကို အခြောက်လျှော်လိုက်ပါ။ ဆံပင်ရင်းနားမှာ အခြောက်လျှော်ရတဲ့ ရှန်ပူကို ဖြန်းပြီး တစ်မိနစ်လောက်နေရင် ဒရိုင်ယာမှုတ်လိုက်ရုံပဲလေ။



၂။အချိန်က ကပ်နေပြီမို့ moisturizer လည်းလိမ်းဖို့၊ ဖောင်ဒေးရှင်းလည်း လိမ်းဖို့၊ ကွန်ဆီလာနဲ့ မျက်နှာက အနာအဆာတွေ အုပ်ဖို့ မမီတော့ဘူးဆိုရင်တော့ ပုံမှာပြထားသလို moisturizer နဲ့ ကွန်ဆီလာကို ရောမွှေပြီး ဖောင်ဒေးရှင်းအဖြစ် သုံးနိုင်ပါတယ်နော်။



၃။နှုတ်ခမ်းနီမဆိုးခင် ပါးနီဆိုးဖို့အတွက် ဟိုဗူးဖွင့်၊ ဒီဗူးဖွင့်ရမယ့်အချိန်တွေကို လျှော့ချပစ်လိုက်တဲ့အနေနဲ့ နှုတ်ခမ်းနီကိုပဲ ပါးနီအဖြစ် သုံးလို့ရတယ်ဆိုတာ မမေ့ပါနဲ့။



၎။လိုးရှင်းလိမ့်မယ့်အစား စပရေးဖျန်းပေးတာက ပိုကောင်းပါတယ်။ ခုသုံးဖို့မရှိရင်လည်း နောက်တစ်ခါ အချိန်ကိုက်လုပ်ရတဲ့ ကိစ္စမျိုးတွေအတွက် ရှာဝယ်ထားလိုက်နော်။ ဒီလိုဆို လက်နဲ့ ခြေထောက်တွေပေါ် ကိုယ့်စိတ်ကြိုက် ဖျန်းလိုက်ရုံပဲလေ။



Ref:cosmopolitan.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...