Wednesday, February 26, 2014

သရုပ်ဆောင်အလုပ်ကို ခဏတာရပ်နားဖွယ်ရှိတဲ့ Jennifer Lawrence



Jennifer Lawrence တစ်ယောက်ခဏတာအနားယူဖို့လိုနေပါပြီ။ အသက် ၂၃ နှစ်အရွယ် Jennifer ဟာပြီးခဲ့တဲ့ ၁၂ လအတွင်းရုပ်ရှင်ကားပေါင်း ၈ ကားမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Harvey Weinstein က သူမအနားယူသင့်တယ်လို့ The Sun သတင်းစာကို မကြာသေးမီကပြောပါတယ်။

“သူမဟာ ဘာမှမလုပ်ဘဲ တစ်နှစ်လောက်ကာလကြာအနားယူမှာပါ။ သူမအတွက်က non-stop ကြီးဖြစ်နေတော့ သူမအနားယူသင့်ပါတယ်” လို့ Weinstein ကပြောပါတယ်။

“Jennifer ဟာသဘောအလွန်ကောင်းပြီးတော့ ပရိတ်သတ်တွေကို ပေးဆပ်မယ့်သူပါ။ အနားယူလို့ရမယ့်အချိန်မှာတောင် American Hustle လိုရုပ်ရှင်မျိုးကိုရိုက်ဖို့သဘောတူပါတယ်” လို့လဲပြောသွားပါတယ်။

Jennifer ဟာမကြာသေးမီကာလာက The Hunger Games: Catching Fire နဲ့ Silver Lining Playbook ရုပ်ရှင်တွေမှာသရုပ်ဆောင်ခဲ့ပြီး မကြာမီထွက်ရှိတော့မယ့်ရုပ်ရှင်တွေဖြစ်တဲ့ Dumb and Dumber To, X-Men: Days of Future Past နဲ့ Serena ရုပ်ရှင်တွေမှာလဲသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Jennifer ဟာချစ်သူ Nicholas Hoult နဲ့အတူ England မှာအိမ်ရှာနေတယ်လို့ဆိုပါတယ်။

“ဒီကိစ္စနဲ့ပါတ်သတ်ပြီး သူတို့နှစ်ယောက်အောင်မြင်နေတဲ့အလုပ်တွေတန်းလန်းနဲ့ UK မှာနေဖို့ဆိုတာ လက်တွေ့မကျဖူးလို့သူတို့သိနေပါတယ်။ ဒါပေမယ့်သူတို့သမုဒ္ဒရာကိုဖြတ်ပြီး လွတ်မြောက်သွားချင်နေပါတယ်။ Jen က အင်္ဂလိပ်ဆန်တဲ့ ဘ၀နေထိုင်မှုပုံစံကိုကြိုက်ပြီး သူတို့နှစ်ယောက် အခုလိုအတည်ပြန်ဖြစ်သွားကြတဲ့ အခါ တစ်နေရာရာမှာအိမ်ဝယ်နေဖို့ဆိုတာ အဓိပ္ပါယ်ရှိပါတယ်” လို့အတွင်းသိတစ်ယောက်ကပြောပါတယ်။

Ref:starpulse.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...