Wednesday, February 26, 2014

၂၀၁၅ အလယ်လောက် သီလ၀ါဇုန်မှာ ကုန်ထုတ်လုပ်မှုစမယ်




နိုင်ငံခြားကုမ္ပဏီ ၄၀လောက်ဟာ သီလ၀ါစီးပွားရေးဇုန်မှာ လုပ်ငန်းလာလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ၂၀၁၅ခုနှစ် အလယ်လောက်ကစပြီး စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ဖို့ရှိတယ်လို့ မြန်မာ အာဏာပိုင် တစ်ယောက်က ပြောပါတယ်။

အရှေ့တောင် အာရှမှာ ဖြစ်ထွန်းလာတဲ့ ဈေးကွက်သစ်နဲ့ အဖိုးအခနည်း လုပ်သားတွေစီကနေ အမြတ်ရှာဖို့ နိုင်ငံခြားကုမ္ပဏီတွေဟာ စိတ်ဝင်စားလာခဲ့ကြပါတယ်။

အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ အ၀တ်အထည်၊ အစားအသောက်၊ အီလက်ထရောနစ် အသုံးအဆောင်၊ အလှကုန်ပစ္စည်း နဲ့ ကားအပိုပစ္စည်း ထုတ်သူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ၊ စီးပွားရေးဇုန်ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောခဲ့ပါတယ်။

“ပထမဆင့်မှာ ကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အတွင်း အဆောက်အအုံ စီမံကိန်းအတွက် ကန်ဒေါ်လာ သန်း၅၀ ရင်းနှီးမြှုပ်နှံထားပြီးပါပြီ။” လို့ ဦးဆက်အောက်က ပြောပါတယ်။

ရန်ကုန်ရဲ့ အနောက်တောင်ဘက်က အထူးစီးပွားရေးဇုန်ဖြစ်တဲ့ သီလ၀ါကို မြန်မာနိုင်ငံနဲ့ ဂျပန်တို့ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်လျှက်ရှိပါတယ်။ ရေနက်ဆိပ်ကမ်း၊ ကားလမ်း၊ တံတား၊ ဓာတ်အားပေးစက်ရုံနဲ့ ရေဆိုးသန့်စင် စက်ရုံတွေပါ ဖြစ်လာဖို့ရှိတယ်လို့ သိရပါတယ်။

သတင်းပေးပို့သူ- အောင်လှထွန်း စာတည်း- Alan Raybould and Robert Birsel ဘာသာပြန်-သီဟနိုင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...