Tuesday, November 26, 2013

HTC မှ ရွှေရောင် HTC One ဖုန်းကို တရားဝင် ကြေညာ

  November, 25th 2013

ထိုင်ဝမ်အခြေစိုက် HTC က “Limited Edition” အနေနဲ့ ထုတ်လုပ်လိုက်တဲ့ ၁၈ ကာရက် ရွှေနဲ့ပြုလုပ်ထားတဲ့ HTC One ကို ထုတ်လုပ်ပြီးတဲ့နောက် ယခုအခါမှာတော့ ရွှေရောင် HTC One ကို ထပ်မံ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီဇိုင်းပုံစံကတော့ ပုံမှာမြင်ရတဲ့အတိုင်းပဲ ဖြစ်ကာ အထဲမှာ တပ်ဆင်ထားတဲ့ Spec: တွေကလည်း HTC One တုန်းက လိုပါပဲ။ 1080p ရုပ်ထွက် အရည်အသွေးရှိ ၄.၇လက်မ မျက်နှာပြင်၊ Quad-core Snapdragon 600 ပရော်ဆက်ဆာနဲ့ 2GB RAM တို့အပြင် Ultrapixel နည်းပညာသုံး ကင်မရာတို့ပဲ ဖြစ်ပါတယ်။

Apple မှ ရွှေရောင် iPhone 5S ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် HTC အနေနဲ့လည်း ရွှေရောင်စမတ်ဖုန်း လောကကို စတင်ခြေလှမ်း ၀င်ရောက်လာပါပြီ။ တောင်ကိုရီးယား အခြေစိုက် Samsung မှလည်း ရွှေရောင် Galaxy S4 ဗားရှင်း ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့် ဆမ်ဆောင်းရဲ့ S4 ရွှေရောင်ဟာ အရှေ့အလယ်ပိုင်းဒေသ (အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံများ) အတွက်သာ သီးသန့် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ယခု HTC One ရွှေရောင်ဖုန်းကတော့ မကြာခင် ဥရောပနိုင်ငံတွေမှာ ဒေါ်လာ ၈၀၀ ကျော်နဲ့ ၀ယ်ယူရရှိနိုင်တော့မှာပါ။ ၁၈ ကာရက် ရွှေအစစ်နဲ့ ဖန်တီးခဲ့တဲ့ Limited Edition HTC One တုန်းကတော့ တစ်လုံးကို ဒေါ်လာ ၄၄၀၀ နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အပြိုင်အဆိုင်တွေများတဲ့ စမတ်ဖုန်းလောကမှာ ပရိသတ် စိတ်ဝင်စားမှုရအောင် အမျိုးမျိုး တီထွင်ကြံဆ ဖန်တီးမှုတွေကတော့ အဆက်မပြတ် ရှိနေပါတယ်။

ထုတ်ကုန်အသစ်တွေကလည်း တစ်မျိုးပြီး တစ်မျိုး၊ မရိုးရအောင် အဆက်မပြတ် ထွက်ရှိနေတာမို့လို့ ဘယ်စမတ်ဖုန်းဟာ မိမိအတွက် အကောင်းဆုံး ဖြစ်မလဲ ဆိုတာ သေသေချာချာ သိရှိနိုင်စေရန် Myanmar Consumer Guide ရဲ့ လေ့လာသုံးသပ်ချက်တွေကို အစဉ်မပြတ် ဖတ်ရှုနေလိုက်ပါ။

Ref: Mashable

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...