Tuesday, November 26, 2013

သန်လျင် ကြယ်စင်မြို့တော်စီမံကိန်း တည်ဆောက်မှုအဆင့် ၅ ဆင့် အနက် ဒုတိယအဆင့်မှ တိုက်ခန်းသစ်ပေါင်း ၄၀၀ ကျော်ထပ်မံရောင်းချမည်

မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းများ ဆောင်ရွက်နေသည့် ထိပ်
တန်းစီးပွားရေး ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သည့် Yoma Strategic Holdings မှ သန်လျင်မြို့နယ်ရှိ ၁၃၅ဧက ကျယ်ဝန်းသော နာမည်ကျော်
ကြယ်စင်မြို့တော် ( Star City) မှ အဆင့်မြင့် အိမ်ရာ တိုက်ခန်းသစ်ပေါင်း
၄၃၃ ခန်းကို ထပ်မံဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်
ပြန်ခဲ့သည်။

အဆိုပါ အထူးသီးသန့် အဆင့်မြင့် အိမ်ရာတိုက်ခန်းသစ်များအား
၂၀၁၃ နိုင်ဝင်ဘာ ၂၃ ရက် မနက် ၁၀နာရီ(မြန်မာစံတော်ချိန်) မှ စတင်ပြီး
စင်္ကာပူနိုင်ငံ ကြယ်စင်မြို့တော် ( Star Ctiy) အရောင်းပြခန်း ၊ရန်ကုန်မြို့
သန်လျင်ရှိ အရောင်းပြခန်းနှင့် မန္တလေးမြို့ရှိ Mandalay Hill Resort ဟို
တယ် တို့မှာ တပြိုင်နက်ကြိုတင်လက်ခံပြီးရောင်းချသွားမည်ဖြစ်ကြောင်း
သိရသည်။

YOMA ၏ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ လုပ်ငန်းခွဲ၏ Managing Director ဖြစ်သူ Mr. Elmar A. Busch က "ထပ်မံရောင်းချတော့မယ့် ဒီဈေးနှုန်း သင့်တင့်တဲ့ အိမ်ရာတိုက်ခန်းတွေကို ဝယ်ယူဖို့ အတွက် စာရင်း
ပေးထားတာအများကြီးရှိနေပါတယ်။ ပြီးတော့ Zone B မှာရှိတဲ့ တိုက်ခန်း
တွေကို ဝယ်ယူနိုင်ဖို့အတွက် ဒီတစ်ကြိမ်ဟာ နောက်ဆုံး အခွင့်အရေးဖြစ်
တဲ့အတွက် အချိန်တိုအတွင်းမှာပဲ ရောင်းချလို့ ကုန်သွားမယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုရောင်းချမည့် အဆောက်အအုံ B-3 နှင့် B-4 ရှိ တိုက်ခန်းအသစ်
များသည် ကြယ်စင်မြို့တော်၏ အိမ်ရာ Zone B ၏ နောက်ဆုံး အကြိမ်အဖြစ်
ရောင်းချမည့် တိုက်ခန်းများဖြစ်ပါသည်။ Zone B သည် Yoma Strategic မှ ၂၀၁၃ ခုနှစ်ဧပြီလတွင် စတင်ပြီး ၂၀၁၆ ခုနှစ်ပထမလေးလပတ် အတွင်းပြီး
စီးအောင်ဆောက်လုပ်မည်ဟု ရည်မှန်းထားသော အိမ်ရာသစ်တည်ဆောက်
မှု အဆင့် ငါးဆင့်ရှိသည့်အနက် ဒုတိယအဆင့်ဖြစ်သည်။ တစ်မူထူးခြားသော
အိမ်ရာစီမံခန့်ခွဲမှု အစီအစဉ်အဖြစ် ဖော်ဆောင်ထားသော ကြယ်စင်မြို့တော်
(Star City) ၏ "လူမှုဝန်းကျင် အတွင်း သီးသီးသန့်သန့်နေထိုင်ခြင်း(Community within a commuinity)" စိတ်
ကူး အကြံဥာဏ်သည် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဖြစ်ပြီး Yoma အိမ်ရာ
စီမံခန့်ခွဲမှု အုပ်စု၏ စီမံမှုဖြင့် နေထိုင်သူများအားထူးကဲသော ဝန်ဆောင်မှုများကို ပြည့်ဝအောင်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်းသိရသည်။

ကြယ်စင်မြို့တော်အိမ်ရာတွင် အရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်များ နှင့် ဘဏ်လုပ်ငန်းများမှလည်း ဖွင့်လှစ်လုပ်ကိုင်သွားရန်
လက်မှတ်ရေးထိုးထားပြီးဖြစ်၍ မကြာခင်လ အနည်းငယ် အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထား
သည်။

ကြယ်စင်အိမ်ရာ (Star City) တွင် စတုရန်းပေ ၆၄၂ပေ မှ ၃၃၇၄ပေ
အထိ ကျယ်ဝန်းသော အိမ်ခန်းအမျိုး အစား၂၃မျိုးကို ရရှိနိုင်ပြီး မြစ်ရေပြင်
ရှုခင်း၊ သို့မဟုတ် ခြံဝန်းရှုခင်း၊သို့မဟုတ် ကန်ရေပြင်ရှုခင်း များကို ရှုမြင်
ခံစားနိုင်ရန်ရွေးချယ်နိုင်ပါသည်။ ဈေးနှုန်းအားဖြင့် အိပ်ခန်းတစ်ခန်းပါ အိမ်ခန်းအတွက် အမေရီကန်ဒေါ်လာ ၈၀,၀၀၀ မှ စတင်ပြီး အိပ်ခန်းကျယ်
၎ခန်းပါ အိမ်ခန်းအတွက် အမေရီကန်ဒေါ်လာ ၄၅၀,၀၀၀ ကျော်အထိ အမျိုး
မျိုးကျသင့်မည်ဖြစ်ကြောင်းသိရသည်။

Star City ၏ Zone B ကို SPA Project Management Pte. Ltd နှင့် Dragages Singapore Pte Ltd., BYMA Pte Ltd တို့မှ အကျိုးတူပူးပေါင်း
ကာကြီးကြပ်ဆောင်ရွက်ပြီး ကမ္ဘာ့ အထင်ကရအခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းစုကြီးဖြစ်သော Bouygues S.A က တည်ဆောက်နေကြောင်းသိရသည်။
--------------------------------------------
ရာဇကိုကို

Ref:::TechSpace Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...