Tuesday, November 26, 2013

First Look: 2012 Toyota Corolla


November, 25th 2013

တိုယိုတာ၏ အရောင်းရဆုံး ကားဖြစ်သည့် Corolla သည် ၂၀၁၂ ခုနှစ် မော်ဒယ်အတွက်လည်း ကောင်းမွန်သည့် အိမ်စီးဆီဒင်ကားအဖြစ် ဆက်လက် ရပ်တည်လျက် ရှိနေသည်။

သို့သော်လည်း Corolla အနေဖြင့် ယင်းထက် ဒီဇိုင်းပိုင်း၊ နည်းပညာပိုင်း၊ အင်ဂျင်ပါဝါပိုင်း စသည်တို့တွင် ပိုမိုသာလွန် ကောင်းမွန်သည့် မော်ဒယ်များအား ပြိုင်ဖက် ကုမ္ပဏီများက အပြိုင်အဆိုင် ထုတ်လုပ်နေသည်ကို တွန်းလှန်နေရပြီး ယုံကြည်စိတ်ချမှု အရှိဆုံးကားဟူသော ဂုဏ်ပုဒ်အား ထိမ်းသိမ်းရန် ကြိုးပမ်နေရသည်။

ယခုမော်ဒယ်သည် Corolla မျိုးဆက် ၁၀ ခုမြောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် အရောင်းရဆုံး ကားအသေးစားအဖြစ် ဟွန်ဒါ၏ Civic နှင့် အတူ နံပါတ် ၁ နေရာကို ရရှိခဲ့သည်။ တိုယိုတာသည် ၂၀၀၉ ခုနှစ်တွင် Corolla ၏ ပုံစံဒီဇိုင်းအား ကြီးမားသည့် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်လည်း ပြုပြင်မှုများ ထပ်မံပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် မော်ဒယ်သည် ၂၀၁၁ မော်ဒယ်နှင့် ကွားခြားခြင်း မရှိပဲ Camry နှင့် ဆင်တူအောင် ထုတ်လုပ်ထားသည်။ ၂၀၁၁ မော်ဒယ်တွင် ကားရှေ့ပိုင်း၊ ရှေ့မီးကြီး၊ ရှေ့နှင့် နောက် bumper များ၊ နောက်ကြည့်မှန်၊ နောက်မီးတွဲပုံစံနှင့် ကားနောက်ဖုံးပုံစံတို့ကို ပြောင်းလဲထားသည်ကို တွေ့ရှိရမည်။ ပိုမိုပြီး sport ပုံစံကျသည့် Corolla S မော်ဒယ်တွင်မူ နောက် spoiler ဘေးဖက် side skirts များ ပါဝင်လာမည်ဖြစ်သည်။

တိုယိုတာအနေဖြင့် Corolla အား Base ၊ Limited Edition (LE) နှင့် S မော်ဒယ်များအား ရောင်းချနေပြီး ယင်းတို့အားလုံးအား 1800cc အင်ဂျင်တပ်ဆင်ထားကာ ၅ ချက်ထိုး manual ဂီယာ (သို့) ၄ ချက်ထိုး အော်တိုဂီယာတို့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

ကားအတွင်းပိုင်းသည် ပြိုင်ဖက်ကားများနှင့် အထူးသဖြင့် Hyundai Elantra (သို့) Ford Focus ယှဉ်လျှင် ခေတ်နောက်ကျနေသည်ဟု ခံစားရနိုင်သော်လည်း ရိုးရှင်းမှုနှင့် ကျယ်ဝန်းမှုတို့ကိုမူ ရရှိနိုင်ဦးမည် ဖြစ်သည်။ ထို့အပြင် ကားထိုင်ခုံအရောင် အသစ်များ၊ dashboard အရောင်အသစ်နှင့် S မော်ဒယ်အတွက် ပိုမိုကောင်းမွန်သည့် steering ကို ထုတ်လုပ်ထားသည်။

၂၀၁၂ တိုယိုတာ Corolla သည် ငြိမ့်ညောင်းသည့် ခရီးစဉ်အား ယူဆောင်လာမည်ဖြစ်ပြီး 1800cc အင်ဂျင်မှာလည်း ကားအရွယ်အစားအတွက် သင့်တော်သည်။ ဆီစားနှုန်းများလည်း သာမန်ထက် သက်သာမည်ဖြစ်သည်။ ထိမ်းသိမ်းကိုင်တွယ်မှု အပိုင်းတွင်မူ လိုအပ်ချက်များ အများအပြား ရှိနေသေးပြီး Corolla S သည်ပင်လျှင် အကွေ့အဝိုက်များ ပြုလုပ်ရတွင် ညင်သာမှုမရှိလှပေ။ အီလက်ထရောနစ် steering မှာ ကျယ်ဝန်းသည့် နေရာတွင် လွယ်လင့်တကူ ရပ်နားရန်သာ စွမ်းဆောင်နိုင်သည်ကို တွေ့ရှိရသည်။

လုံခြုံရေးစိတ်ချရမှု အပိုင်းတွင်မူ အခြားသော တိုယိုတာကားများနည်းတူ STAR လုံခြုံရေးစနစ် တပ်ဆင်ပေးထားပြီး Anti-Lock Breaks (ABS) ၊ Electronic Break Force Distribution (EBD) ၊ Break Assist ၊ Smart Stop (SST) ၊ Traction Control (TRAC) နှင့် Vehicle Stability Control (VSC) တို့ ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ရှေ့လေအိပ် ၂ လုံး၊ ထိုင်ခိုင်ထဲပါ ရှေ့ဘေးလေအိပ် ၂ လုံး ၊ ဘေးနံရံ ၂ ဖက်တွင် လေအိပ် ၂ လုံးစီတို့ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် တာယာဖိအားပြ စနစ်လည်း တပ်ဆင်ပေးထားသည်။

Corolla ၏ ဆီစားနှုန်းမှာ မြို့တွင်း၌ ၁ ဂါလံလျှင် ၂၆-၂၈ မိုင်ခန့် ရရှိမည်ဖြစ်ပြီး၊ အဝေးပြေးလမ်းတွင်မူ ၁ ဂါလံလျှင် ၃၄-၃၅ မိုင်ခန့် ရရှိမည်ဟု သိရှိရသည်။

Ref::: mmconsumerguide

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...